တရုတ်နှင့် အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်
အမေရိကန်နှင့်
တရုတ်သမ္မတ နှစ်ဦးတို့သည် ၄င်းတို့၏ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကို
အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယား၌ဇွန်လအတွင်း ဆွေးနွေးမည်ဟု
နှစ်နိုင်ငံလုံးက ကြေညာသည်။ ဘားရက်အိုဘားမားနှင့် ရှီကျင့်ဖျင်တို့သည်
ရင်ချိုမိုင်းရေ့ အပန်းဖြေမြို့ရှိ စံအိမ်တော်တွင် ဇွန် ၇ ရက်နှင့် ၈
ရက်တွင် တွေ့ဆုံကြမည်ဖြစ်သည်ဟု အမေရိကန်က ကြေညာချက် ထုတ်ပြန်သည်။
ဆွေးနွေးကြမည့် ခေါင်းစဉ်များတွင် မြောက်ကိုရီးယား၊ ဆိုင်ဘာသူလျှိုလုပ်မှု၊
တောင်တရုတ်ပင်လယ်ပြင်တွင် တင်းမာမှုနှင့် ဆီးရီးယားအရေးတို့
ပါဝင်ဖွယ်ရာရှိသည်။ ဤဆွေးနွေးပွဲသည် တရုတ်နိုင်ငံ၏ သမ္မတအဖြစ်
မစ္စတာရှီကျင့်ဖျင် တာဝန်ထမ်းဆောင်ချိန်မှစ၍ သမ္မတနှစ်ဦးအကြား ပထမဆုံးအကြိမ်
တွေ့ဆုံခြင်းဖြစ်သည်။
(ဘီဘီစီ)
khitlunge
No comments:
Post a Comment