Friday, May 24, 2013

ဆီရီးယားပဋိပက္ခ၌ စွက်ဖက်မှုမပြုလုပ်ရေး အာရပ်အဖွဲ့ချုပ် တိုက်တွန်း


ဆီရီးယားနိုင်ငံ၌ ဆက်လက်ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပြည်ပမှ စွက်ဖက်မှု မပြုလုပ်ကြရန် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အခြေစိုက် အာရပ်အဖွဲ့ချုပ်က ထုတ်ပြန်သော ကြေညာချက် တစ်ရပ်တွင် ဖော်ပြသည်။ အာရပ်အဖွဲ့ချုပ်သည် မေ ၂၁ ရက်က အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။ ပြည်ပမှ စစ်ရေးစွက်ဖက်မှုများ ပြုလုပ်ကြခြင်းဖြင့် စစ်ရေးပဋိပက္ခမှာ ကြီးမားကျယ်ပြန့်လာနိုင်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြသည်။ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအုပ်စုသည် ဆီးရီးယားပဋိပက္ခတွင် ပါဝင်ပတ်သက်လာမှုကို ရည်ညွှန်းကာ အာရပ်အဖွဲ့ချုပ်က သတိပေးခြင်းဖြစ်ကြောင်း စစ်ရေး လေ့လာဆန်းစစ်သူများက ပြောကြားသည်။ ဆီးရီးယား ပြည်တွင်းစစ်အတွင်း အရပ်သူ၊ အရပ်သားများ သေဆုံးရမှုကို အာရပ်အဖွဲ့ချုပ်က ပြစ်တင်ရှုတ်ချလိုက်ပြီး နိုင်ငံရေး ဖြေရှင်းချက်တစ်ရပ် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းသည်။ ဆီးရီးယား ဒုက္ခသည်များအတွက် အကူအညီပေးနေသော အိမ်နီးချင်းနိုင်ငံများအား ရန်ပုံငွေလှူဒါန်းကြရန်လည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။ (ဆင်ဟွာ)
khitlunge

No comments:

Post a Comment