Wednesday, May 1, 2013

ရုရှားနှင့် ဆက်ဆံရေး ပြန်လည်စတင်မည့် ဂျပန်


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မော်စကိုသို့ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ချစ်ကြည်ရေးခရီးစဉ်ကို ဧပြီ ၂၈ ရက်က စတင်ထွက်လာပြီး ရုရှားနိုင်ငံနှင့် ဆက်ဆံမှုများ ပြန်လည်အသက်သွင်းရန် ကတိက၀တ်ပြု ပြောကြားခဲ့ကြောင်း ဧပြီ ၂၉ ရက်က ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အာဏာရရှိခဲ့သူ အာဘေးသည် ရုရှာဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်ခဲ့သည်။ အာဘေးသည် ၄င်း၏ သုံးရက်တာ ချစ်ကြည်ရေးခရီးစဉ်အတွင်း သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဖြစ်သည်။ သမ္မတ ဗလာဒီမာပူတင်နှင့် ပုဂ္ဂိုလ်ရေး ဆက်ဆံမှုတွင် ယုံကြည်မှုတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ၄င်းခရီးစဉ် အထွက်မီ တိုကျိုရှိ သတင်းထောက်များအား ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီးနောက် ရုရှာနှင့် ဂျပန်တို့သည် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့သည်။ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်အပေါ် စေ့စပ်ဆွေးနွေးမှုများ ဆိုင်းငံ့ထာမှုကို ယခုခရီးစဉ်တွင် ပြန်လည်စတင်မည်ဖြစ်ပြီး ဂျပန်-ရုရှား ဆက်ဆံမှုများကိုလည်း မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment