Friday, May 24, 2013
"Blood Sugar Politik ရဲ့ အာဆီယံ ဂီတပွဲတော် ဖျော်ဖြေရေးအတွေ့အကြုံ "
ကျားပေါက်တို့ရဲ့တီးဝိုင်းတစ်ခုဖြစ်တဲ့ Blood Sugar Politik အဖွဲ့က ဗီယက်နမ်နိုင်ငံကို မေလ ၈ရက်နေ့က တစ်ပတ်ကြာ ထွက် ခွာသွားခဲ့ပြီး အာဆီယံဂီတပွဲတော်မှာ ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။ Art work is work လို့ အမည်ပေးထားတဲ့ ဂီတပွဲတော်မှာ အာဆီယံနိုင်ငံ ၅နိုင်ငံက တီးဝို င်းတွေနဲ့ အပြိုင်ကြဲခဲ့တဲ့BSP တီးဝိုင်းက အဲဒီပွဲမှာတော့ သီချင်း ၁၅ပုဒ်ဝန်းကျင်သီဆိုခဲ့တယ်လို့ သိရပါတယ်။
ပွဲစဉ်ရဲ့ ၅ဝိုင်းမြောက်လောက် မှာ ဖျော်ဖြေခဲ့တBSP အဖွဲ့အနေနဲ့ စိတ်လှုပ်ရှားမှုတော့ ရှိခဲ့တယ်လို့ ကျားပေါက်က ပြောပါတယ်။ “ပွဲက၂နာရီလောက်မှာစမယ်။ ကျွန်တော်တို့ က နောက်ဆုံးBand ရဲ့ ရှေ့မှာတက်မယ်။ ရှေ့မှာလည်း ဝိုင်းတွေက အရမ်းကောင်းပြီး ပရိသတ်တွေကလည်း အရမ်းအားပေး နေတော့ ကိုယ်တွေ အလှည့်မှာ စိတ်လှုပ်ရှားတာပေါ့။ ပြီးတော့ ရှေ့မှာBand တွေက သီချင်းပုဒ်ရေ လျှော့ဆို သွားတော့ အချိန်နည်းနည်းဟတဲ့ အချိန်ကိုDJ ခဏလော က်ဝင်လိုက်ချင်တယ်ဆိုတော့ ကျွန်တော်တို့ တက်ခါနီး မှာ နည်းနည်းပြန်စောင့်လိုက်ရသေးတာပေါ့။ ကျွန်တော်တို့ စတက်တော့ မတီးရသေးဘူး။ ဂစ် တာအသံတွေ ထုတ်နေတုန်းရှိသေးတယ်။
အောက်က မြန်မာ၊ မြန်မာဆိုပြီးအော်နေကြပြီ။ သိပ် open ဖြစ်တယ်။ မထင် ထားလောက်တဲ့ အထိကို အားပေးတယ်” လို့ ကျားပေါက်ကပြောပြီး ခုလိုနိုင်ငံတကာပွဲကနေပြီးတော့ သူတို့သွားချင်တဲ့အဆင့်လေး တိုးသွားတယ်လို့လည်းပြော ပါတယ်။
ကျားပေါက်တို့အဖွဲ့က Artwork is work အာဆီယံဂီတအဖွဲ့မှာ ဖျော်ဖြေပြီးတဲ့ နောက် ရက်မှာတော့ဗီယက်နမ်က မိတ်ဆွေတစ်ဦး ရဲ့ တောင်းဆို မှုနဲ့ ကမ်းခြေမှာလည်း ဖျော်ဖြေပွဲ တစ်ခု ပြုလုပ်ကြ ပါသေးတယ်။ အဲဒီနောက် လာကြည့်တဲ့သူ တွေထဲက တီးဝိုင်းက လူတစ်ယောက် ရဲ့ ဖိတ်ခေါ်မှုနဲ့အတူ သူတို့တီးဝိုင်းနဲ့တွဲပြီး လည်း တီးခဲ့ကြသေးတယ်လို့ သိရပါ တယ်။
ရဲရဲ (Photo - event.pose.com)
Popular Journal

No comments:
Post a Comment