Tuesday, June 11, 2013
လစ်ဗျားအရှေ့ပိုင်း၌ အကြမ်းဖက်မှုဖြစ်ပွား၊ အနည်းဆုံး ၂၅ ဦးသေဆုံး
လစ်ဗျားအရှေ့ပိုင်း ဘင်ဂါဇီမြို့ ပြည်သူ့စစ်ဌာနချုပ် အပြင်ဘက်၌ ဆန္ဒပြသူများအား အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ လူ ၂၅ ဦး သေဆုံးခဲ့ကြောင်း ဇွန် ၉ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယင်းအကြမ်းဖက်မှုကြောင့် ဒါဇင်နှင့်ချီသော ပြည်သူများလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ ဆန္ဒပြသူများသည် လစ်ဗျားရှိတ်ဘရီဂိတ် စစ်ဘက်ဌာနချုပ် အပြင်သို့ စုရုံးရောက်ရှိလာပြီး ဆန္ဒပြခဲ့ကြသည်။ လစ်ဗျားနိုင်ငံတွင် ဗိုလ်မှူးကြီးကဒါဖီ ကျဆုံးပြီးကတည်းက တည်ငြိမ်အေးချမ်းရန် ကြိုးစားလျက်ရှိသည်။ လစ်ဗျားရှိတ်ဘရီဂိတ်သည် ရာထူးမှ ပြုတ်ကျသွားခဲ့သော ဗိုလ်မှူးကြီးကဒါဖီ၏ အဓိကအလုပ်များကို ချုပ်ကိုင်နေဆဲဖြစ်ပြီး လက်နက်ချရန် ယခုအထိ ငြင်းဆိုနေဆဲဖြစ်သည်။ ပြည်သူ့စစ်များက ကာကွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူပြီး တိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ကြောင်း ပြောကြားသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment