Friday, June 28, 2013

ဝီလျံကို အာဆင်နယ် လက်လျှော့ ခဲ့ခြင်းကြောင့် ဗာမေလန် အသင်းတွင် ဆက်ရှိရန် နီးစပ်လာ


အက်ရှ်လေဝီလျံ အတွက် ဆွမ်ဆီး အသင်း၏ ခေါ်ဈေး မြင့်မားမှုသည် သောမတ်စ် ဗာမေလန်၏ အာဆင်နယ် အနာဂတ်ကို ဆက်လက် ရှင်သန်စေမည့် အလားအလာမျိုးသို့ ဦးတည်လာကြောင်း သိရသည်။
အာဆင်နယ်သည် ၎င်းတို့၏ အသင်းခေါင်းဆောင် ဗာမေလန်ကို ရောင်းထုတ်ကာ ဆွမ်ဆီး၏ ဝေလလက်ရွေးစင် ခံစစ်မှူးနှင့် အစားထိုးရန် စီစဉ်ခဲ့သော်လည်း ဆွမ်ဆီးက ပေါင်စတာလင် (၁၀)သန်းထိ တောင်းဆိုနေမှုကို လိုက်လျောရန်မူ ဆန္ဒ မရှိဘဲ ဖြစ်နေသည်။ ထိုအနေအထားကြောင့် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗာမေလန်ကို အာဆင်နယ် မန်နေဂျာကြီး အာစင်ဝင်းဂါးက အသင်းတွင် ဆက်လက် အခွင့်အရေးပေးသွားဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ ဗာမေလန်သည် ပြီးခဲ့သည့် ရာသီက ခြေစွမ်း ကျဆင်းမှုကြောင့် ပါးမာတီဆက်ကာနှင့် လောရင့် ကိုစီရယ်လ်နီတို့၏ အရန် ကစားသမား ဘဝသို့ ရောက်ရှိခဲ့ရသည်။
အာဆင်နယ်သည် အသက်(၂၈)နှစ်ရှိ ဝီလျံကို အလေးအနက် စိတ်ဝင်စားမှု ပြသခဲ့သော်လည်း ဆွမ်ဆီးက ခပ်မာမာ ဈေးကိုင် ထားမှုကြောင့် ရှေ့တိုးနိုင်ခြင်း မရှိခဲ့ချေ။ အာဆင်နယ် အနေဖြင့် ဝီလျံအတွက် ပေါင်စတာလင် (၁၀)သန်းထိ အသုံးပြုရန် ဆန္ဒ မရှိခြင်းကြောင့် နောက်တန်းကို ပြောင်းလဲ ဖွဲ့စည်းမည့် အစီအစဉ်အား ယာယီအားဖြင့် စွန့်လွှတ်ထားသည့် သဘောမျိုး ဖြစ်လာသည်။ ဝင်းဂါးသည် ဂိုးသမားသစ် တစ်ဦးကိုမူ ရှာဖွေနေဆဲဖြစ်ပြီး လတ်တလောတွင် လီဗာပူးလ်မှ ပီပီရေနာကို တစ်ကျော့ပြန် စိတ်ဝင်စားလာပြီး ပေါင်စတာလင် (၁၀)သန်း ဝန်းကျင် ဈေးနှုန်းမျိုးဖြင့် ဝယ်ယူနိုင်ရန် အလားအလာ ရှိနေကြောင်း သိရှိရသည်။  
Ref: Daily Mail
soccer myanmar

No comments:

Post a Comment