Friday, June 28, 2013
မွန်ဂိုလီးယား သမ္မတရွေးကောက်ပွဲ စတင်
မွန်ဂိုလီးယား သမ္မတသစ် ရွေးချယ်ပွဲကို ဇွန် ၂၆ ရက်တွင် စတင်ကျင်း ပဆန္ဒမဲပေး ရွေးချယ်လျက်ရှိကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြသည်။ သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ တဆဟီရာအီဘာ့ခ်ျဒေါဂျေ ပြန်လည်ရွေးကောက်ခံရမည်ဟု နိုင်ငံရေး အကဲခတ်သူ အတော်များများက မျှော်မှန်းထားကြသည်။ ယှဉ်ပြိုင်ရွေးချယ်ခံမည့် အခြားသမ္မတလောင်းနှစ်ဦးမှာ ကျန်းမာရေးဝန်ကြီး နက်ဆတ်ခ်ျအူဒါဗယ်နှင့် အတိုက်အခံ မွန်ဂိုလီးယားပြည်သူ့ပါတီမှ ဥပဒေပြုအမတ် ဘတ်တာဒန်းဘတ်မန်းယန်ဘူတို့ ဖြစ်ကြသည်။ နံနက် ၇ နာရီတွင် သမ္မတသစ် ရွေးကောက်ပွဲကို စတင်ကျင်းပပြီး ဆန္ဒမဲပေးနိုင်သူ မွန်ဂိုလီးယား ပြည်သူပေါင်းမှာ ၁ ဒသမ ၈၅ သန်းကျော် ရှိသည်။ အီဘာ့ခ်ျဒေါဂျေကို အာဏာရ ဒီမိုကရက်တစ်ပါတီက အမည်စာရင်း တင်သွင်းခြင်းဖြစ်ပြီး လွှတ်တော်တွင်း ပါတီငယ်နှစ်ပါတီ၏ ထောက်ခံမှုလည်း ရရှိထားသည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment