မော်စကိုရှိ မြေအောက် ရထားဘူတာရုံ၌ မီးလောင်၊ ခရီးသည် ၃၀ ကျော် ဒဏ်ရာရ
ရုရှားနိုင်ငံ
မော်စကိုမြို့ရှိ မြေအောက် မီးရဌားဘူတာရုံတစ်ရုံတွင် ဇွန် ၅ ရက်က
မီးလောင်မှု ဖြစ်ပွားရာ လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်
အခြေအနေဆိုင်ရာ ၀န်ကြီးဌာနက ပြောကြားသည်။ ဆိုကိုလ်နီချက်စကာရာ မြေအောက်
မီးရထားလိုင်း ပြေးဆွဲသည့် ဘူတာရုံတစ်ရုံတွင် မီးလောင်မှုကြောင့်
ထွက်ပေါ်လာသော မီးခိုးလုံးများကြောင်း အသက်ရှူကျပ်သည့် ဝေဒနာကို
ခံစားကြရသည့် ခရီးသည် ၄၅၀၀ ခန့်ကို ဘေးလွတ်ရာသို့
ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်တွင်
မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြောကြားသည်။ ကရင်မလင် အစိုးရအဖွဲ့ရုံး
တည်ရှိရာနေရာမှ မဝေးကွာသော အုတ်ဟော်နီရပ်ဒ်မြေအောက်ရထားဘူတာရုံ၏ ဥမင်လမ်း၌
ခရီးသည်များဖြင့် စည်ကားနေချိန်အတွင်း အဆိုပါဖြစ်ရပ်
ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
(ဆင်ဟွာ)
khitlunge
No comments:
Post a Comment