Tuesday, June 11, 2013

သီရိလင်္ကာနိုင်ငံ၌ မုန်တိုင်းတိုက်ခတ်၊ ငါးဖမ်းလုပ်သား ၁၄ ဦးသေဆုံး


သီရိလင်္ကာနိုင်ငံ၌ နှစ်ရက်မျှကြာသော ရုတ်တရက် ဝင်ရောက်လာသည့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ငါးဖမ်းလုပ်သား ၁၄ ဦး သေဆုံးပြီးအခြား ၃၆ ဦးပျောက်ဆုံးနေကြောင်း တာဝန်ရှိသူ တစ်ဦးက ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။ ဇွန် ၇ ရက်နှင့် ၈ ရက် နံနက်ပိုင်းတို့၌ လှိုင်းကြမ်းများကြောင့် ငါးဖမ်းရေယာဉ်များ ပျက်စီးမှုများ ရှိခဲ့ပြီး ငါးဖမ်းလုပ်သား ၂ဝ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ရေလုပ်ငန်းနှင့် အဏ္ဏဝါဂေဟစနစ်များ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ကူမာရာက ပြောကြားခဲ့သည်။ သီရိလင်္ကာနိုင်ငံရှိ လေကြောင်းနှင့် ရေကြောင်း တပ်ဖွဲ့ဝင်များ ကိုယ်တိုင်ရှာဖွေ ကူညီမှုများပြုလုပ်ပြီး ပင်လယ်ပြင်၌ စိုးရိမ်ရသော အခြေအနေ ရှိနေဆဲဟု ၄င်းက ထပ်မံ ပြောကြားသည်။ သီရိလင်္ကာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ဇွန် ၈ ရက် နံနက်ပိုင်းက မုန်တိုင်းတိုက်ခတ်နိုင်ပြီး ရေပြင်အခြေအနေ ဆိုးရွားနိုင်သဖြင့် ငါးဖမ်းလုပ်သားများ ငါးမဖမ်းရန် သတိပေးထားသော်လည်း မြို့တော် ကိုလံဘိုမြို့ရှိ အချို့နေရာများတွင် သစ်ပင်များ အမြစ်မှကျွတ်သည်အထိ ပြင်းထန်သော လေပြင်းများသည် ဇွန် ၇ ရက် ညကတည်းကပင် တိုက်ခတ်ခဲ့သည်ဟု သိရသည်။ ရာသီဥတု အလွန်ဆိုးရွားခဲ့ပြီး သစ်ပင်များ အမြစ်မှကျွတ်ကာ သံလမ်းပေါ်၌ ပိတ်ဆို့မှုကြောင့် ရထားခရီးစဉ်များလည်း ရပ်နားထားရသည်ဟု သိရသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment