Tuesday, June 11, 2013
PSGသို့ ပြောင်းရွှေ့လာရန် ရွန်နီကို ဆေးလ်ဗားတိုက်တွန်း
PSG အသင်းခေါင်းဆောင် သီယာဂို ဆေးလ်ဗားက ဝိန်းရွန်နီအား မိမိတို့ထံ လာရောက် ပူးပေါင်းပါရန် တိုက်တွန်း ဖိတ်ခေါ်လိုက်သည်။
ဘရာဇီးလ် လက်ရွေးစင် ဗဟိုနောက်ခံ ကစားသမားက မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာမည်ဟု သတင်းကြီးနေသည့် ရွန်နီ အနေဖြင့် PSGကို ရွေးချယ်သင့်ကြောင်း အကြံပြုခဲ့သည်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် အနာဂတ် မရေမရာ ဖြစ်နေဆဲရှိပြီး ၎င်းကို ဥရောပ ကလပ်အချို့က စိတ်ဝင်စားနေရာ PSGသည်လည်း တစ်သင်း အပါအဝင် ဖြစ်နေသည်။ ဆေးလ်ဗားက ရွန်နီအနေဖြင့် ပဲရစ်မြို့တော် အခြေစိုက် အသင်းတွင် ကစားပြီး အဆင်ပြေသွားစေမည်ဟု ပြောကြားခဲ့သည်။
ဆေးလ်ဗားသည် မာရာကာနာ ကွင်းကြီးတွင် ရွန်နီနှင့် လက်ရွေးစင် ခြေစမ်းပွဲအဖြစ် ရင်ဆိုင် ကစားခဲ့ရသည်။ ၎င်းက "ကျွန်တော်နဲ့ ထိပ်တိုက် ရင်ဆိုင် ကစားရင်း ရွန်နီ ဂိုးသွင်းသွားခဲ့တယ်။ PSGက ရွန်နီလို ကစားသမားကောင်းကို စာချုပ် ခေါ်ယူပါစေလို့ ကျွန်တော် အလေးအနက် မျှော်လင့်ပါတယ်"ဟု ဆိုသည်။ ဆေးလ်ဗားက မိမိအနေဖြင့် ဘာစီလိုနာသို့ ပြောင်းရွှေ့မည်ဆိုသော ခန့်မှန်း သတင်းများကိုလည်း ငြင်းဆန်ခဲ့သည်။ "နွေရာသီ ဈေးကွက်တိုင်း ကျွန်တော် ဘာစီလိုနာ ရောက်မယ်လို့ သတင်းထွက်နေကျပါ။ ကျွန်တော် PSGမှာ ပျော်နေပါတယ်။ စာချုပ်သက်တမ်းကုန်တဲ့ (၂၀၁၇)ထိ ဒီမှာပဲ နေခွင့်ရဖို့လည်း မျှော်လင့်ပါတယ်"ဟု ဆေးလ်ဗားက ဖွင့်ဟသွားသည်။
Ref: Express
soccer myanmar

No comments:
Post a Comment