Thursday, June 6, 2013
ကမ္ဘာ့စီးပွားရေးဗဟို အာရှဒေသ ဖြစ်လာမည်
အနာဂတ်ကာလ၏ မဝေးတော့သည့် အချိန်တွင် ကမ္ဘာ့စီးပွားရေး ဗဟိုအချက်အချာသည် အာရှဖြစ်လာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်ဟောင်း ဖြစ်သူက အင်တာဗျူး အမေးအဖြေ တစ်ခုတွင် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ ၀ါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ထိုင်း-တရုတ်မိတ်ဖက် ဆက်ဆံရေး သင်္ဂဟအမှုဆောင် ဥက္ကဋ္ဌလည်းဖြစ်သူ ဒုတိယ ၀န်ကြီးချုပ်ဟောင်း ခွန်ဒပ်ဘာရန်စီက ဆင်ဟွာနှင့် အင်တာဗျူးတွင် ကမ္ဘာ့ရေးရာကို ယင်းသို့ ဖြေကြားသွားခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ္ဍာ စီးပွားရေးသည် အရှေ့သို့ ဦးတည်နေပြီဖြစ်ကြောင်း၊ စီးပွားရေးဗဟိုသည် အာရှဒေသ ဖြစ်လာမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ “လက်ရှိမှာ အာရှရဲ့ အရေးပါမှုကို တစ်ကမ္ဘာလုံးက အကဲခတ်နေပါပြီ။ အာရှဒေသ တစ်ခုလုံးကလည်း စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အလေးထားဆောင်ရွက် နေပါတယ်” ဟု ခွန်က ဆက်လက် ပြောကြားသည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment