Saturday, June 8, 2013

အမေရိကန်ပြည်ထောင်စုတွင် အဆောက်အအုံပြိုကျ၊ ခြောက်ဦးသေဆုံး


အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယားမြို့တွင် ဇွန် ၅ ရက် နံနက်ပိုင်းက အဆောက်အအုံတစ်လုံး ပြိုကျရာ ခြောက်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇွန် ၆ ရက် ဒေသဆိုင်ရာ သတင်းများတွင် ဖော်ပြသည်။ ဖီလာဒဲဖီးယားမြို့ လယ်ရှိ အဆောက်အအုံသည် လေးထပ် အဆောက်အအုံဖြစ်ပြီး လူနေတိုက်ခန်း တွဲများ ရှိကြောင်း၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်က ပြိုကျခြင်းဖြစ်ကြောင်း၊ ကနဦးသတင်းတွင် လူရှစ်ဦးမှ ၁၀ ဦးအထိ ပိတ်မိနေသည်ဟု ဖော်ပြကြောင်း သိရသည်။ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ပျောက်နေသူများကို ရှာဖွေလျက်ရှိသည်။ အဆောက်အအုံ ပြိုကျရသည့် အကြောင်းရင်းကို မသိရသေးကြောင်း၊ ယင်းအဆောက်အအုံနှင့် ကပ်လျက်အဆောက်အအုံကို ဖြိုချဖျက်သိမ်းစဉ် အဆိုပါ အဆောက်အအုံ ပြိုကျသွားခြင်းဖြစ်ကြောင်း စီဘီအက်စ်သတင်းတွင် ဖော်ပြသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment