Saturday, June 8, 2013
အစ္စရေး-ပါလက်စတိုင်းဆိုင်ရာ ကုလညီလာခံ တရုတ်၌ ကျင်းပမည်
အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ရပ်ဆိုင်နေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရန် ရည်ရွယ်လျက် ကုလသမဂ္ဂက ကြီးမှူးကျင်းပသော နိုင်ငံတကာ ညီလာခံတစ်ရပ်ကို တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်ပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇွန် ၅ ရက်တွင် ပြောကြာသည်။ ပါလက်စတိုင်း အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မတီတစ်ရပ်၏ မေတ္တာရပ်ခံချက်အရ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးအတွက် အားပေးကူညီရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံကို ဇွန် ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ဆွေးနွေးပွဲများ ပြန်လည် ကျင်းပနိုင်စေရေးအတွက် သင့်တင့်လျောက်ပတ်သော အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်ရန် ကမ္ဘာ့နိုင်ငံများက နည်းလမ်း ရှာဖွေကြမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ ဟောင်လီက ပြောကြားသည်။ ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်စ်နှင့် အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့သည် တရုတ်ခေါင်းဆောင် သစ်များနှင့် တွေဆုံဆွေးနွေးရန် မကြာမီက တရုတ်နိုင်ငံသို့ သီးခြားစီ လာရောက်ခဲ့ကြပြီးနောက် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ကုလသမဂ္ဂ ညီလာခံကို တရုတ်နိုင်ငံ၌ ပြုလုပ်ရန် လမ်းပွင့်သွားသည်။
(ပီတီအိုင်)
khitlunge

No comments:
Post a Comment