မှတ်ပုံတင်ထားခြင်း မရှိသည့် သတင်း ဝက်ဘ်ဆိုက် ၃၁ ခုအား တရုတ် အစိုးရပိတ်ပင်
တရုတ်နိုင်ငံမှ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်း ဆောင်ရွက်သည့်
သတင်းဝက်ဘ်ဆိုက် ၃၁ ခုအား အစိုးရက ပိတ်လိုက် ကြောင်းသိရသည်။ ၎င်းသတင်း
ဝက်ဘ်ဆိုက်များသည် သတင်း အဖွဲ့အစည်း
တစ်ရပ်အနေဖြင့် တွေ့ဆုံ မေးမြန်းခန်းများ ပြုလုပ်ခြင်း၊ သတင်းမှားများ
တည်းဖြတ်ခြင်းနှင့် ခြိမ်းခြောက် ငွေတောင်း ခံခြင်းများ
ဆောင်ရွက်ခဲ့ကြောင်း အင်တာနက် သတင်း ထုတ်ပြန်ရေး ဌာနက ဇွန် ၂၇ ရက်တွင်
ပြောကြားခဲ့သည်။ အင်တာနက် သတင်းထုတ်ပြန်ရေး ဌာန၏ စည်းမျဉ်း
စည်းကမ်းများအရ ဝက်ဘ်ဆိုက် များသည် ၎င်း၏ လုပ်ငန်းများ မလုပ် ဆောင်မီ
အစိုးရထံမှ ခွင့်ပြုချက် ရယူရမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment