Tuesday, June 11, 2013

မြန်မာ့တပ်မတော်တွင် အမျိုးသမီးတပ်မှူးများ စတင်ခန့်အပ်


မြန်မာ့တပ်မတော်တွင် အမျိုးသမီးအရာရှိကြီးများအား ပထမဆုံးအကြိမ် အဖြစ် တပ်မှူးရာထူးများအား စတင်ခန့်အပ်ခဲ့ကြောင်းသိရှိရသည်။
ဆေးဘက်ဆိုင်ရာပါရဂူများဖြစ်သည့်ဗိုလ်မှူးကြီးဒေါ်ကေသီထွန်းအား တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ရန်ကုန်)တပ်သို့လည်းကောင်း၊ ဗိုလ်မှူးကြီးဒေါ်အေးအေး အား တပ်မတော်သားဖွား မီးယပ်နှင့် ကလေးဆေးရုံ (နေပြည်တော်)တပ်သို့လည်းကောင်း တပ်မှူးများ အဖြစ် ခန့်အပ်တာဝန်ပေး ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အမျိုးသမီးအရာရှိကြီးများအား မြန်မာ့တပ်မတော် တွင် တပ်မှူး ရာထူးပေးအပ်ခြင်း မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အငြိမ်းစားတပ်မတော် အရာရှိကြီး တစ်ဦးမှပြောကြားခဲ့သည်။ ၎င်းမှ “အခုလို အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲအရည်အချင်းပေါ်မူတည်ပြီး ရာထူးတာဝန်ပေးအပ်တာ အလွန်ကောင်းတဲ့ အစဉ်အလာတစ်ခုပါ။ လက်ရှိ ကာချုပ်လက်ထက်မှာ အရာရှိတွေကို တာဝန်ပေး အပ်ရာမှာ တော်ရင်တော် သလို၊ လုပ်နိုင်ရင် လုပ်နိုင်သလို အရည်အချင်းကို ကြည့်ပြီး ရာထူးပေးတာကိုတွေ့ရပါတယ်။ အခုဆိုရင် အလုပ်သင်ဗိုလ်သင်တန်းကပြီးတဲ့ အရာရှိကြီးတွေ ကို ဒေသကွပ်ကဲမှုဌာနချုပ်မှူး တာဝန်တွေပေးလာတာ ကိုလည်းတွေ့ရပါတယ်။ ဒါကောင်းတဲ့ အစဉ်အလာ တစ်ခုပါ”ဟုပြောဆိုသွားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်ယခုနှစ် အစောပိုင်းကလည်း တိုက်ပွဲတွင်ထူးချွန်စွာ တိုက်ခိုက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များကိုလည်း တစ်ဆင့်မြင့်ရာထူးများ တိုးမြှင့် ပေးခဲ့ကြောင်း သိရသည်။

Win Thant

No comments:

Post a Comment