Thursday, June 13, 2013
အမေကန် ထောက်လှမ်းရေးသတင်းများ ပေါက်ကြားစေသူ ဟောင်ကောင်တွင် ပျောက်ဆုံးနေ
မေရိကန် ထိပ်တန်းလျှို့ဝှက် သတင်းများ ဖုန်းနှင့် အင်တာနက်တို့မှ တစ်ဆင့် အသေးစိတ် ပေါက်ကြားခဲ့သူ အမေရိကန် စီအိုင်အေ ထောက်လှမ်းရေး ဝန်ထမ်းဟောင်း မစ္စတာ အက်ဒဝပ်ရှိုးဒန်းသည် ဟောင်ကောင်ရှိ ၄င်း၏ ဟိုတယ်အခန်းမှ ပျောက်နေကြောင်း ဇွန် ၁၁ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ အသက် ၂၉ နှစ်ရှိ မစ္စတာ အက်ဒဝပ်ရှိုးဒန်းသည် ဇွန် ၁ဝ ရက်က ၄င်း၏ ဟိုတယ်မှ စာရင်းရှင်း ထွက်ခွာသွားကြောင်း၊ သို့သော် ၄င်းသည် ဟောင်ကောင်တွင် ရှိနေဆဲ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ မည်သည့်နေရာတွင် ရှိမည်ကို မသိရကြောင်း သတင်းတွင် ဖော်ပြသည်။ ပြည်သူများအား ဖိနှိပ်ခြင်းမှ လွတ်မြောက်အောင် ကူညီပေးရန်သူ့တွင် တာဝန်ရှိကြောင်းစောစောပိုင်းတွင် ၄င်းပုဂ္ဂိုလ်က ပြောသည်။ပြောကြားအမေရိကန် အေဂျင်စီများအနေဖြင့် သန်းနှင့်ချီသော ဖုန်းမှတ်တမ်းများနှင့် အင်တာနက် အချက်အလက်များကို စုဆောင်းနိုင်ခဲ့ကြောင်း လွန်ခဲ့သော သီတင်းပတ်က သတင်းများ ထွက်ပေါ်ခဲ့သည်။ ယင်းကိစ္စသည် မှုခင်းရေးရာ ကိစ္စတစ်ရပ်အဖြစ် တရားရေး ဦးစီးဌာနသို့ ရည်ညွှန်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment