Thursday, June 13, 2013

ဆန်းဒါးလန်း ဂိုးသမား မစ်ဂ်နိုလတ်ကို ချိတ်ဆက်နေသည့် လီဗာပူးလ်


လီဗာပူးလ် အသင်းသည် ဂိုးသမား နေရာ အပြောင်းအလဲ အတွက် ဆိုင်မွန် မစ်ဂ်နိုလတ်ကို စိတ်ဝင်တစား လေ့လာမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
လီဗာပူးလ် အနေဖြင့် ပီပီရေနာ၏ နေရာတွင် ရေရှည် အစားထိုးရန် အတွက် ဆန်းဒါးလန်း ဂိုးသမား မစ်ဂ်နိုလတ်ကို လာမည့် သီတင်းပတ် အတွင်း ပေါင်စတာလင် (၈)သန်းဖြင့် အပြတ် ဝယ်ယူနိုင်ရန် မျှော်လင့်နေကြောင်း သတင်းများက ဆိုသည်။ မာဆေးဆိုက် အခြေစိုက် ကလပ် အသင်းသည် မစ်ဂ်နိုလတ်အတွက် ပေါင်စတာလင် (၇)သန်းတန် ကမ်းလှမ်းမှု ငြင်းပယ်ခြင်း ခံထားရပြီး ဆန်းဒါးလန်းက ခေါ်ဈေး ပေါင်စတာလင် (၁၀)သန်းတွင် တင်းခံထားသည်။ သို့သော်လည်း လီဗာပူးလ် တာဝန် ရှိသူများက ပေါင်စတာလင် (၈)သန်း ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ရန် မျှော်လင့်နေသည်။
စပိန် လက်ရွေးစင် ရေနာမှာမူ ၎င်း၏ ငယ်ဘဝ ကလပ်အသင်း ဘာစီလိုနာသို့ ပြန်သွားဖြစ်ရန် နီးစပ်နေပြီး လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာကလည်း ဂိုးပေါက် စောင့်ရှောက်သူ နေရာကို အပြောင်းအလဲ ပြုလုပ်ရန် လိုလားလျှက် ရှိသည်။ ဘာစီလိုနာသည် စာချုပ်သစ် ချုပ်ဆိုရန် ငြင်းဆန်ထားသည့် လက်ရှိ ဂိုးသမား ဗစ်တာဗဲလ်ဒက်စ် နေရာတွင် ရေနာနှင့် အစားထိုးရန် စီစဉ်နေခြင်း ဖြစ်သည်။ ဗဲလ်ဒက်စ်ကို ပြင်သစ် တန်းတက်ကလပ် မိုနာကိုက ခေါ်ယူဖွယ် ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment