Wednesday, June 12, 2013

ဝင်းဂါးသည် ငွေသုံးရန် ကြောက်ရွံ့နေသူ ဆိုသော စွပ်စွဲချက် များအား ဂါဇီဒစ် ငြင်းဆန်


အာစင်ဝင်းဂါး အနေဖြင့် ငွေသုံးရန် ကြောက်ရွံ့တွန့်ဆုတ် နေသည် ဆိုသော စွပ်စွဲချက် များကို အာဆင်နယ် အမှုဆောင်ချုပ် အိုင်ဗန် ဂါဇီဒစ်က ငြင်းပယ်လိုက်သည်။
အာဆင်နယ်သည် ယခုနွေရာသီ ဈေးကွက်ထဲတွင် ဝိန်းရွန်နီ၊ စတီဗန်ယိုဗီတစ်၊ မော်ရိုဖယ်လိုင်နီ အစရှိသည့် နာမည်ကျော် ကစားသမား များကို ပစ်မှတ် ထားနေသော်လည်း လက်တွေ့ ကမ်းလှမ်းနိုင်ခြင်း မရှိသေးချေ။ ယခင် အပြောင်းအရွှေ့ ရာသီများ အတွင်းကလည်း အာဆင်နယ် အနေဖြင့် ထိပ်တန်းပစ်မှတ်များကို ချိန်ရွယ်ခဲ့သည့်တိုင် ငွေသုံးရန် တွန့်ဆုတ် နေခြင်းကြောင့် မအောင်မြင်ဘဲ ဖြစ်ခဲ့ရာ ဝင်းဂါးသည် လူသစ် ခေါ်ယူရေး ငွေများများ သုံးရန် ကြောက်ရွံ့နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ အာဆင်နယ်၏ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူမှုမှာ ဆန်တီ ကာဇိုလာ အတွက် ပေါင်စတာလင် (၁၅)သန်းမျှသာ ဖြစ်သည်။
ဂါဇီဒစ်ကမူ "ဝင်းဂါးက ငွေသုံးရမှာ ကြောက်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အသင်းအတွက် တကယ်တမ်း အထောက်အကူ ဖြစ်မယ့် ထိပ်တန်း ကစားသမားမျိုးကို သေချာအောင် ရှာဖွေနေတဲ့ သဘောပါ။ သူ့အတွက် အပြောင်းအရွှေ့ အသုံးစရိတ် အများကြီးရှိတယ်။ ဒီငွေအားလုံးကို သူသုံးပါ့မယ်လို့ ကျွန်တော် အာမခံနိုင်မလား။ အင်း၊ ဒါကတော့ ကစားသမားတွေရဲ့ ပါရမီပိုင်းနဲ့ ဆိုင်လိမ့်မယ်။ ဝင်းဂါးဟာ အာဆင်နယ်ကို ထိပ်တန်း အဆင့်မှာ အကြာကြီး ရပ်တည်နိုင်အောင် အကောင်းဆုံး ဦးဆောင်ခဲ့သူပါ။ သူလုပ်သင့်တာကို သူသိပါတယ်" ဟု ပြောကြားခဲ့သည်။
ဂါဇီဒစ်က ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ထိပ်ဆုံး(၄)သင်း စာရင်း ပါဝင်ရုံ မျှော်လင့်ချက် ထားနေခြင်းသည် ရေရှည်အတွက် အဆင်မပြေနိုင်ကြောင်းလည်း ဝန်ခံခဲ့သည်။ "ကျွန်တော်တို့ တစ်သမတ်တည်း ဖြတ်သန်းခဲ့တယ်။ ကျွန်တော်တို့ နောက်လည်း ဆုတ်မသွားဘူး။ ရှေ့လည်း ရောက်မလာခဲ့ဘူး။ ခုချိန်မှာတော့ ကျွန်တော်တို့ ရှေ့တစ်လှမ်းတိုးဖို့ လိုလာပါပြီ" ဟု ၎င်းက မှတ်ချက်ပြုသွားသည်။
Ref: Goal
soccer myanmar

No comments:

Post a Comment