Wednesday, June 12, 2013

ဥရောပတစ်ဝန်း ရေကြီးရေလျှံမှုများဖြစ်ပွား


ဂျာမနီနိုင်ငံအရှေ့ပိုင်းအယ်လ်ဘေးမြစ်ကမ်းအနီး နေထိုင်ကြသူဒေသခံ ထောင်ပေါင်းများစွာကို မြစ်ရေကြီးမှု အန္တရာယ်ကြောင့် ဘေးကင်းရာသို့ ပြောင်းရွှေ့ထားရသည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း ဇွန် ၁ဝ ရက် ပရက်စ်တီဗွီ သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။ ဇွန် ၉ ရက်က သတင်းများအရ မက်ဒယ်ဘတ်မြို့၌ အဆောက်အအုံများ၊ လမ်းများ၌ ရေဝင်ရောက်မှုများနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်သဖြင့် ဒေသခံ ၂၃ဝဝဝ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု သိရသည်။ ဥရောပတစ်ဝန်း ပြီးခဲ့သည့် ခုနစ်ရက်ကတည်းက ရေကြီးရေလျှံမှုများကြောင့် လူ ၂ဝ ကျော် သေဆုံးခဲ့ရပြီး ဒင်ယူမြစ်၊ အယ်လ်ဘေးနှင့် ဗလာတာဗာမြစ်များတွင် စိုးရိမ်ရေမှတ်အထိ ရောက်ရှိခဲ့သည်ဟု သိရသည်။ ရေဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတစ်ဝန်း မီးသတ်တပ်ဖွဲ့ဝင် ၇ဝဝဝဝ နီးပါးနှင့် တပ်ဖွဲ့ဝင်ပေါင်း ၁၁ဝဝဝ တို့ ပါဝင်ကူညီခဲ့ရသည်ဟု ဆိုသည်။ ဥရောပနိုင်ငံများဖြစ်သော သြတြီးယား၊ ပိုလန်၊ ဆွစ်ဇာလန်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပြီး ရေလွှမ်းမှုကြောင့် ရာပေါင်းများစွာသော လူနေအိမ်များကို ကယ်ဆယ် ပေးခဲ့ရသည်ဟု သိရသည်။ 
(ပရက်စ်တီဗွီ)
khitlunge

No comments:

Post a Comment