Monday, June 10, 2013
ဦးနှောက်၏ လူသိနည်းသေးသော အချက်များ
Google ကဲ့သို့ အင်တာနက် ရှာဖွေရေးကိရိယာများကြောင့် သင်္ချာတွက်ရာ၌ဖြစ်စေ၊ မှတ်သား ရာ၌ဖြစ်စေ ဦးနှောက်ကိုအသုံးမပြုကြတော့ဘဲ အင်တာနက်မှအဖြေများကို အဆင်သင့်ရယူလာကြသည့်အတွက် ဦးနှောက် ချည့်နဲ့စေသည်ဟု ကိုလံဘီယာ သုတေသီများက ဆိုသည်။ ကလေးဘဝက နှစ်ခြိုက်ခဲ့သည့်သီချင်းကို လူကြီးဘဝတွင်ပြန်နား ထောင်ရလျှင် ပျော်ရွှင်မှုခံစားရလေ့ ရှိသည်။
ဦးနှောက်၏ frontopolar cortex အစိတ်အပိုင်းသည် ဦးနှောက်၏အရှေ့ဘက်အကျဆုံး အစိတ် အပိုင်း ဖြစ်ပြီး ဆဋ္ဌမအာရုံဟုခေါ်သည့် အနာဂတ်ကို ကြိုတင်သိမြင်နိုင် စွမ်းရှိသည်။
တေးဂီတနားဆင်ခြင်းဖြင့် အကျပ်အတည်းများကိုကျော်လွှားနိုင်ရန်၊ အာရုံစူးစိုက်နိုင်ရန်၊ မှတ်Óဏ်ကောင်း စေ ရန် ဦးနှောက်အား အထောက်အပံ့ ဖြစ်စေသည်။
အမျိုးသမီးများတွင် စိတ်ခံစားမှု ဆိုင်ရာပြဿနာများအဖြစ်များပြီး အမျိုးသားများတွင် အာရုံ စူးစိုက်မှု လျော့ကျ သည့် ပြဿနာနှင့်ဘာသာ စကား သုံးစွဲမှုချွတ်ယွင်းသည့်ပြဿနာ အဖြစ်များသည်။
လက်ကိုင်ဖုန်းဓါတ်ရောင်ခြည်ကြောင့် ဦးနှောက်ကင်ဆာဖြစ်စေသည်ဟု ငြင်းခုံနေကြဆဲဖြစ်သော်လည်း ဖုန်းအင်တာနာနှင့် အနီးဆုံး ထိတွေ့ရသည့် ဦးနှောက်အစိတ် အပိုင်းသည် ကျန် အပိုင်းများထက်
လှုပ်ရှားမှုပိုများပြားသည်ကိုတွေ့ရသည်။
-စိတ်ကျရောဂါဖြစ်ပွားမှုနှင့် ဆက် နွယ်သည့် amygdala နှင့် hippo campus အစိတ်အပိုင်းတို့သည် ကိုယ်တိုင်ရယ်မောလျှင်ဖြစ်စေ၊ ရယ် သံကြားရလျှင်ဖြစ်စေ စိတ်ကျစေသည့် လုပ်ငန်းဆောင်တာများ နှေး
ကွေးလာစေသည်။
ဇော်ကို
Source:RD
Health Updates Journal

No comments:
Post a Comment