Monday, June 10, 2013
ဟီဂူရင်း အတွက် အာဆင်နယ်ကို ယှဉ်ပြိုင်မည့် ဂျူဗင်းတပ်စ်
ဂျူဗင်းတပ်စ် အသင်း အနေဖြင့် ဂွန်ဇာလို ဟီဂူရင်းကို ခေါ်ယူရေး အတွက် အာဆင်နယ်ကို အားပြိုင်သွားရန် အသင့် ရှိနေဆဲဟု သိရှိရသည်။
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် တိုက်စစ်အင်အား ဖြည့်တင်းရန် အတွက် ရီးယဲလ်မက်ဒရစ်မှ ထွကခွာမည့် အာဂျင်တီးနား လက်ရွေးစင်ကို ကမ်းလှမ်းရန် ကြိုးစားနေသည်။ ထိုအချိန်တွင် အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်ကလည်း ပေါင်စတာလင် သန်း(၂၀)မျှ ပေါက်ဈေး ရှိသည့် ကစားသမားကို ချိတ်ဆက်နေခြင်း ဖြစ်သည်။ ဟီဂူရင်း ကိုယ်တိုင်က အာဆင်နယ်၏ ကမ်းလှမ်းမှုကို လိုလားကြောင်း အရိပ်အမြွက် ပြောဆိုထားသည့်တိုင် ဂျူဗင်းတပ်စ်ကမူ ၎င်းကို အလျှော့ မပေးစတမ်း ကမ်းလှမ်းရန် ဆက်လက် ဆန္ဒရှိနေသည်။
ဝင်းဂါးသည် ဟီဂူရင်းကို ပေါင်စတာလင် (၁၉)သန်းဖြင့် ဝယ်ယူပြီး တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၅၀၀၀၀)ထိ ပေးချေသွားရန် လိုလားနေကြောင်း သတင်းများက ဆိုသည်။ အသက်(၂၅)နှစ်ရှိ ကစားသမားသည် လတ်တလောတွင် အကောင်းဆုံး ခြေစွမ်းမျိုးကို ရရှိနေသည့်တိုင် ရီးယဲလ်တွင် ကီရင်ဘန်ဇီးမားနှင့် ပွဲထွက်နေရာ အားပြိုင်နေရသော အနေအထားကို မလိုလားခြင်းကြောင့် အသင်းပြောင်းရန် စီစဉ်လာခြင်း ဖြစ်သည်။ ရီးယဲလ်သည် နည်းပြသစ် အဖြစ် ကာလို အန်ဆလော့တီကို ခန့်အပ်ရန် ကြိုးစားနေပြီး ၎င်း၏ ဆန္ဒကလည်း ကစားသမားနှင့် ပတ်သက်၍ မည်သို့မည်ပုံ ဆုံးဖြတ်မည် မသိနိုင်သေးကြောင်း သတင်းများက ဖော်ပြသွားသည်။
Ref: The Sun
soccer myanmar

No comments:
Post a Comment