Thursday, June 27, 2013
တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား ကျန်းမားရေးစိုးရိမ်ရ
တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလား၏ ကျန်းမာရေး အခြေအနေသည် ဆေးရုံပေါ်တွင် စိုးရိမ်ရသည့် အနေအထားရှိကြောင်း သမ္မတ ဂျက်ကော့ဇူးမားက ပြောကြားသည်။ ဆရာဝန်များက ခေါင်းဆောင်ဟောင်း မင်ဒဲလား သက်သာရာရရေး ဘက်ပေါင်းစုံမှ ကြိုးစားလျက်ရှိကြောင်း သမ္မတဇူးမားက ပြောကြားပြီး ဆေးဝါးကုသမှု အသေးစိတ်အခြေအနေကို ထုတ်ဖော်ပြောကြားခြင်း မရှိချေ။ တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတ ဖြစ်သူ အသက် ၉၄ နှစ်ရှိ မင်ဒဲလားသည် အဆုတ်ရောင်ရောဂါကြောင့် ယခုလအစောပိုင်းက ဆေးရုံ တက်ရောက်ခဲ့ရခြင်းဖြစ်သည်။ ယခုနှစ်အတွင်း သုံးကြိမ်မြောက် တက်ရောက် ကုသခြင်းဖြစ်သည်။ ဇွန် ၂၃ ရက်က သမ္မတဇူးမား ဆေးရုံကို မင်ဒဲလားအား သွားရောက်ကြည့်ရှုပြီးနောက် နိုင်ငံ့ခေါင်းဆောင်ဟောင်း သမ္မတမင်ဒဲလား၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ရကြောင်း တရားဝင် ပြောကြားခဲ့သည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment