Thursday, June 13, 2013
စပျစ်သီးမှ ချက်သောအရက် သောက်မိရာမှ နှစ်ဦးသေဆုံး
အိမ်တွင်ချက်သော အရက်ကို သောက်သုံးမိရာမှ လူနှစ်ဦး သေဆုံးခဲ့ ပြီးနှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေဖြင့် ဆေးရုံတင်ထားရသော ဖြစ်ရပ်တစ်ခု သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်၌ ဖြစ်ပွားခဲ့ကြောင်း ဇွန် ၁၁ ရက်က ဘီဘီစီ သတင်းတစ်ပုဒ်တွင် ရေးသား ဖော်ပြထားသည်။ ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါအုပ်စုသည် စပျစ်သီးဖြင့် ချက်ထားသော အရက်ကို ကွင်းစလန်းပြည်နယ် အရှေ့တောင်ပိုင်းရှိ နေအိမ်တစ်အိမ်တွင် သောက်သုံး ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းဖြစ်စဉ်တွင် အသက် (၂၂) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးကာ အသက် (၃ဝ) အရွယ်ရှိ အမျိုးသားတစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံး သွားခဲ့ခြင်းဖြစ်သည်။ အသက် (၂၁) နှစ်နှင့် (၂၆) နှစ်ရှိ အခြားနှစ်ဦးမှာ ဆေးရုံတွင် စိုးရိမ်ရသော အခြေအနေရှိနေသည်ဟု သိရသည်။ အဆိုပါ သေဆုံးမှုသည် ၄င်းအရက် တစ်ခုတည်းကြောင့် ဟုတ်၊ မဟုတ် စုံစမ်း စစ်ဆေးလျက် ရှိသည်ဟု ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment