Friday, June 7, 2013

ကင်ညာမှ ဆိုမာလီဒုက္ခသည်အချို့ နေရပ်ပြန်ပြီ


ဆိုမာလီနိုင်ငံမှ ဒုက္ခသည်များသည် အိမ်နီးချင်းကင်ညာနိုင်ငံမှ ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်ကာ နေရပ်သို့ ပြန်ကြသူဦးရေသည် ၁၈ဝဝဝ ခန့် ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး အေဂျင်စီမှ ဇွန် ၅ ရက်၌ သတင်းထုတ်ပြန်သည်။ ဆိုမာလီနိုင်ငံမှ ဒုက္ခသည်များ နေရပ်သို့ ပြန်ခြင်းမှာ ၄င်းဒုက္ခသည်များအား လက်ခံထားရသည့် ကင်ညာနိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုး လျော့ကျ သွားစေခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။ ကင်ညာနိုင်ငံ မြောက်ပိုင်းဒေသတွင် အိမ်နီးချင်း ဆိုမာလီနိုင်ငံမှ ဒုက္ခသည် ၆ဝဝဝဝဝ ကျော်ကို လက်ခံကာ ကယ်ဆယ်ရေးစခန်းများ ဖွင့်ပေးထားခဲ့သည်။ ယင်းဒုက္ခသည်များကို နိုင်ငံတကာ အဖွဲ့အစည်းများက အကူအညီများ ထောက်ပံ့ပေးလျက်ရှိသည်။ အဆိုပါ ဒုက္ခသည် အရေအတွက်သည် ကမ္ဘာပေါ်ရှိ နိုင်ငံငယ်လေး အချို့၏ လူဦးရေနီးပါးရှိကြောင်း ကင်ညာ ဒုတိယသမ္မတ ဝီလီယမ်ရူတို့က ပြောကြားသည်။ အီရတ်နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့ပြီးလျှင် ဆိုမာလီသည် တတိယမြောက် ဒုက္ခသည်များ အရေအတွက် များပြားသည့် နိုင်ငံဖြစ်သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment