Friday, June 7, 2013
မန်ချက်စတာ ယူနိုက်တက်မှ ဟာနန်ဒက်ဇ် ထွက်ခွာမည် မဟုတ်ဟု အေးဂျင့်အတည်ပြု
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟာဗီးယား ဟာနန်ဒက်ဇ်၏ အေးဂျင့်က ကစားသမား အနေဖြင့် အသင်းမှ ထွက်ခွာနိုင်ကြောင်း ခန့်မှန်းချက်များကို ငြင်းဆန် ပယ်ချလိုက်သည်။
မက္ကစီကို လက်ရွေးစင် ဟာနန်ဒက်ဇ် အနေဖြင့် အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းသွားရန် ရည်ရွယ်ချက် မရှိကြောင်း ၎င်း၏ အေးဂျင့်ဖြစ်သူက ဆိုသည်။ သတင်းအချို့က ဟာနန်ဒက်ဇ်သည် ယူနိုက်တက်တွင် နေရာအတွက် အားပြိုင်မှုများ ကြီးမားနေခြင်းကြောင့် မပျော်မရွှင် ဖြစ်နေပြီး ယခုနွေရာသီတွင် ဥရောပ ကလပ်တစ်ခုခုသို့ ပြောင်းရွှေ့နိုင်ကြောင်း ဖော်ပြခဲ့သည်။ ဟာနန်ဒက်ဇ်သည် ပရီးမီးယားလိဂ် ချန်ပီယံ ယူနိုက်တက်၏ တိုက်စစ်တွင် ရော်ဘင်ဗန်ပါစီ၊ ဝိန်းရွန်နီ၊ ဒန်နီဝဲလ်ဘက်တို့နှင့်အတူ တစ်ထောင့် တစ်နေရာမှ ပါဝင်ခဲ့သည်။
ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် (၂၂)ပွဲတွင် (၁၀)ဂိုး သွင်းယူခဲ့သော ဟာနန်ဒက်ဇ်ကို အက်သလက်တီကို မက်ဒရစ်နှင့် ဂျာမန်ကလပ် အချို့က စိတ်ဝင်စားနေသည်။ သို့သော်လည်း ၎င်း၏ အေးဂျင့်ဖြစ်သူ အီဒွာဒို ဟာနန်ဒက်ဇ်က အသက်(၂၅)နှစ်ရှိ တိုက်စစ်မှူးသည် ယူနိုက်တက်၏ ကျောနံပါတ်(၁၄) ကစားသမားအဖြစ် ဆက်ရှိနေမည်ဟု အတည်ပြုခဲ့သည်။ "ဟာနန်ဒက်ဇ်က ယူနိုက်တက်မှ ပျော်နေပါတယ်။ အဲဒီမှာ သူ(၃)နှစ်ပဲ ကစားရသေးတယ်။ ချန်ပီယံ (၂)ခါဖြစ်ပြီးပြီ။ တခြား ဘယ်ကလပ်မျိုးက ဒီလို အနေအထားကို ဖန်တီးနိုင်မှာလဲ"ဟု အီဒွာဒိုက ပြောကြားသွားသည်။
Ref: Sky Sports
soccer myanmar

No comments:
Post a Comment