Tuesday, June 11, 2013
ဘက်ဟမ်းကို အသင်း၏ သံတမန်အဖြစ် ခန့်အပ်ရန် မန်ချက်စတာ ယူနိုက်တက် လိုလားနေ
မန်ချက်စတာ ယူနိုက်တက် အနေဖြင့် အသင်း၏ ကမ္ဘာလုံးဆိုင်ရာ သံတမန် ရာထူးအတွက် ကစားသမားဟောင်း ဒေးဗစ်ဘက်ဟမ်းကို ခန့်အပ်သွားရန် စိတ်ဝင်စားနေကြောင် သိရှိရသည်။
ယူနိုက်တက်ကို ပိုင်ဆိုင်သော အမေရိကန် သူဌေးများဖြစ်သည့် ဂလေဇာ မိသားစုက ဘက်ဟမ်း၏ ပုံရိပ်သည် ယူနိုက်တက်၏ ကမ္ဘာသိ ကျော်ကြားမှုကို ပိုမို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်နေသည်။ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဘက်ဟမ်းသည် (၂၀၀၃)ခုနှစ်က အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွာခဲ့ပြီး ရီးယဲလ်မက်ဒရစ်နှင့် လော့စ်အန်ဂျလိစ် ဂလက်စီ အသင်းများတွင် ကစားပြီးနောက် ပြီးခဲ့သည့်လက ပြင်သစ်ကလပ် PSGတွင် ကစားသမား ဘဝကို အဆုံးသတ်ခဲ့သည်။
ယူနိုက်တက် အတွင်းလူ တစ်ဦးက "ဘက်ဟမ်းရဲ့ ကျော်ကြားမှုက ကလပ်အသင်းအတွက် အရမ်း ကောင်းကျိုးဖြစ်စေမယ်လို့ ဂလေဇာတွေက ယုံနေတယ်"ဟု ဆိုသည်။ ဘက်ဟမ်းအား အသင်း၏ သံတမန် ရာထူးတွင် ခန့်အပ်ရေး၌ အသင်းမန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်က အရေးပါသော ကြားခံဆွေးနွေးမှု ဖြစ်လာနိုင်သည်။ ဘက်ဟမ်းနှင့် ဖာဂူဆန်တို့ကြား ပြဿနာများ ရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်းကမူ ဆရာတပည့်နှစ်ဦး ဆက်ဆံရေး ပိုမို ကောင်းမွန် တိုးတက်လာခဲ့ကြောင်း သိရှိရသည်။
Ref: The Sun
soccer myanmar

No comments:
Post a Comment