Tuesday, June 11, 2013

အမေရိကန်၌ လေယာဉ်ငယ်တစ်စင်း လူနေအိမ်သုံးလုံးပေါ် ပျက်ကျ


အမေရိကန်ပြည်ထောင်စု လူဝီစီးယားနားပြည်နယ် ဘာတွန်ရုမြို့အနီးတွင် လေယာဉ်ငယ်တစ်စင်းသည် လူနေအိမ် သုံးလုံးပေါ်သို့ ဇွန် ၇ ရက်က ပျက်ကျပြီး မီးလောင် ပေါက်ကွဲခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ သည်ကင်းအဲယား ၂၀၀ လေယာဉ်ငယ် တစ်စင်းသည် မွန်းလဲ ၁ နာရီ ကျော်တွင် လူဝီစီးယားနား ပြည်နယ် ဘာကာဒေသရှိ လူနေထိုင်ရာ ရပ်ကွက်အတွင်းသို့ ပျက်ကျခဲ့သည်ဟု ဘာကာရဲတပ်ဖွဲ့ အကြီးအကဲ မိုက်နက်(စ်)က ပြောကြားသည်။ ယင်းဖြစ်ရပ်တွင် အမည်မသိ လေယာဉ်မောင်းသူမှာ သေဆုံးသွားခဲ့ပြီး မြေပြင်၌ ထိခိုက်ဒဏ်ရာရရှိသူ တစ်စုံတစ်ဦးမျှ မရှိဟု သိရသည်။ လေယာဉ်သည် အိမ်တစ်လုံးကို ပထမတိုက်မိပြီး နောက်နှစ်လုံးကို ဆက်တိုက်ကာ သစ်ပင်တစ်ပင်ကို ၀င်ဆောင့်ခဲ့ကြောင်း လောင်စာဆီများမှာ ယင်းနေရာတစ်ဝိုက် ပျံ့နှံ့နေသည်ဟု မျက်မြင်များက ပြောကြားသည်။ နက်စ်က သေဆုံးသူများနှင့် စပ်လျဉ်း၍ အတည်ပြုပြောဆိုရန် ငြင်းဆိုလိုက်ပြီး ကနဦး စုံစမ်းစစ်ဆေးမှုများ ပြီးစီးလျှင် ထပ်မံ သတင်းထုတ်ပြန်မည်ဟု ပြောကြားသည်။ 
(အင်န်ဘီစီ)
khitlunge

No comments:

Post a Comment