Wednesday, June 12, 2013

ဆီးရီးယားတပ်များ အလက်ပိုမြို့ကို ဆက်လက်တိုက်ခိုက်


ဆီးရီးယားစစ်တပ်က ယင်းနိုင်ငံအတွင်း ပြည်ပကျောထောက်နောက်ခံ အတိုက်အခံ တပ်များကို အလက်ပိုမြို့ အနောက်မြောက်ပိုင်းမှ ရှင်းထုတ်ရန် အဓိက စစ်ဆင်မှုတစ်ရပ် ပြုလုပ်လျက်ရှိကြောင်း ဇွန် ၉ ရက်က ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆီးရီးယား တပ်များသည် မြို့တော် ဒမတ်စကတ်မြို့မှ ၁၉၂ မိုင်အကွာ အလက်ပိုမြို့၏ ဝင်ပေါက် ထွက်ပေါက်များကို ပိတ်ထားလိုက်သည်။ ၄င်းစစ်တပ်က ဟေးယန်း၊ ခီဘက်အန်ဒမ်၊ တဲရီဖတ်နှင့် အဇတ်မြို့များရှိ တိုက်ခိုက်ရေး သမားများ၏ ခံတပ်များကို တိုက်ခိုက်သွားရန် ပြင်ဆင်လျက်ရှိသည်။ ယင်းစစ်ဆင်ရေးကို မြောက်ပိုင်း မုန်တိုင်းဟု အမည်ပေးထားသည်။ ဆီးရီးယားစစ်တပ်သည် လွန်ခဲ့သောရက်များက အနောက်ပိုင်းတွင် အဓိကကျသည့် ကျူးဆရာ၊ ကွမ်နေ တီယက်နှင့် ဒက်ဘာမြို့များတွင် တိုက်ခိုက်ရေး သမားများနှင့် တိုက်ခိုက်မှု အောင်မြင်ခဲ့သည်။ ကျူးဆရာမြို့သည် အရေးကြီးသော ဗဟိုချက်ဖြစ်ပြီး လက်နက်ကိုင်များအား ထောက်ပံ့ရေး လမ်းကြောင်းမြို့ဖြစ်သည်။ ယင်းတိုက်ပွဲများအတွင်း အယ်လ်ခိုင်ဒါနှင့် ဆက်နွှယ်သော အယ်လ်ဖစ်အဖွဲ့ဝင်များ အများအပြား သေဆုံးခဲ့ကြောင်း ဒမတ်စကတ်က ပြောကြားသည်။ 
(ပရက်စတီဗွီ)
khitlunge

No comments:

Post a Comment