Wednesday, June 5, 2013

နိုင်ဂျာမြို့တော် ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၂၂ ဦး ထွက်ပြေးလွတ်မြောက်နေ


အစ္စလာမ္မစ် စစ်သွေးကြွများဟု သံသယမကင်းသူများက တိုက်ခိုက်နေစဉ် ထောင်အတွင်းမှ အကျဉ်းသား ၂၂ ဦးတို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း နိုင်ဂျာအစိုးရက ဇွန် ၂ ရက်တွင် ပြောကြားသည်။ နီယာမေမြို့တွင် ဇွန် ၁ ရက်က ဖြစ်ပွားခဲ့သော အကျဉ်းထောင်ဖောက်မှုအတွင်း ထောင်အမှုထမ်းသုံးဦးလည်း သေဆုံးခဲ့ရသည်ဟု နိုင်ဂျာ တရားရေးဝန်ကြီးက အတည်ပြု ပြောကြားသည်။ အကျဉ်းထောင်အတွင်းသို့ လက်နက်များ တရားမ၀င် သွင်းယူခဲ့ကြောင်းနှင့် ထွက်ပြေး လွတ်မြောက်သွားသည့် အကျဉ်းသားအချို့မှာ အကြမ်းဖက်မှုများဖြင့် တရားစွဲဆို ခံရသူများဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ ယင်းထောင်ဖောက်မှု မဖြစ်ပွားခင် ရက်များအတွင်း အစ္စလာမ္မစ် စစ်သွေးကြွများဟု စွပ်စွဲခံရသူများက စစ်ဘက်ဆိုင်ရာ အခြေစိုက် စခန်းတစ်ခုနှင့် ယူရေနီယံ သတ္တုမိုင်း တစ်ခုတို့တွင် အသေခံ ဗုံးခွဲမှုနှစ်ကြိမ် ပြုလုပ်ခဲ့ရာ လူ ၂၅ ဦး သေဆုံးခဲ့ရသည်။ 
(အေပီ)
khitlunge

No comments:

Post a Comment