Friday, June 7, 2013
ဆရာအော်ပီကျယ်ဟောပြောတဲ့အိပ်မက်သေးသေးမက်ရအောင်
ဆရာအော်ပီကျယ်က ယနေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့(၂၀၁၃ ခုနှစ် ဇွန်လ ၅ရက်နေ့ )အထိမ်းအမှတ် အဖြစ်အိပ်မက်သေးသေးမက်ရအောင် ခေါင်းစဉ်နဲ့နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံး တွင်ဟောပြောခဲ့ရာမှာ အခုမှ အစကစရမဲ့ သက်တမ်းနုနုမြန်မာနိုင်ငံမှာ စကားလုံးအကြီးကြီးတွေနဲ့ စီမံကိန်း အကြီးကြီးတွေကို မစားရ၀ခမန်းပြောနေကြမဲ့အစား ကိုယ်လက်လှမ်းမီတဲ့ အလုပ်ကလေးတွေကစပြီး လက်တွေ့အကောင်အထည်ဖော်ကြဖို့ ပရဟိတအဖွဲ့များကို ပြောကြားသွားခဲ့ပါတယ်။
ယင်းနောက်ဆရာမ သန်းမြင့်အောင်ကလည်း အနာဂါတ်ရဲ့ခေါင်းဆောင်လူငယ်ကလေးတွေကို သဘာဝပါတ်ဝန်းကျင်ကို ချစ်မြတ်နိုးစောင့်ရှောက်တတ်တဲ့ သူတွေဖြစ်လာအောင်၊ သဘာဝပါတ်ဝန်းကျင်ကို ကိုယ်ကျိုးအတွက် ဖျက်ဆီးအသုံးချတတ်တဲ့ သူတွေမဖြစ်လာအောင် လူငယ်တွေကိုယ်တိုင် သစ်ပင်စိုက်ပျိုးရင်း ကိုယ့်ကိုယ်ကို ပျိုးထောင်ယူကြဖို့၊ သစ်ပင်စိုက်တဲ့သူ၊ သစ်ပင်ကိုတန်ဖိုးထားတဲ့သူတွေ များပြားလာခြင်းအားဖြင့် သစ်ပင်ကို ကိုယ်ကျိုးအတွက် ဖျက်ဆီးနေတဲ့သူတွေ ရှက်တတ်လာအောင်ကြိုးပမ်းကြဖို့ ပြောကြားသွားပါတယ်။
(ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သစ်ပင်စိုက်ပျိုးပွဲကိုအသင်း
တည်ရာ ဗိုလ်မှူးဗထူးလမ်းတစ်လျှောက် မှာအရိပ်ရအပင် ၂၂၀ကျော်စိုက်ပျိုးခဲ့ကြောင်းလည်းသိရပါတယ်)
Popular Journal

No comments:
Post a Comment