Thursday, July 11, 2013
ငါးရက်ကြာ ကျားဝိုင်းခံရသော အင်ဒိုနီးရှား ငါးယောက်ကို ကယ်တင်နိုင်
အင်ဒိုနီးရှားနိုင်ငံ အမျိုးသားဥယျာဉ်တစ်ခု၌ ဆူမတြား ကျားများ ၀န်းရံထားသည့် သစ်ပင်များပေါ်တွင် ငါးရက်ကြာ နေခဲ့ကြရသော လူငါးဦးကို ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ဒါဇင်နှင့်ချီသည့် ကယ်ဆယ်ရေး သမားများသည် အဆိုပါ လူငါးယောက်ကို ကူညီရန် ဆူမားတြား ကျွန်းပေါ်ရှိ မောင့်လူဆာ အမျိုးသားဥယျာဉ်သို့ ရောက်ရှိခဲ့သည်။ တိရစ္ဆာန်များကို လေ့ကျင့်ပေးသည့် ဆရာများက ကျားများကို အဝေးသို့ မောင်းထုတ်ပြီးနောက် ကယ်ဆယ်ရေးသမားများ ၀င်ရောက်ခဲ့ကြသည်ဟု သတင်းများက ဖော်ပြသည်။ ကြာသပတေးနေ့တွင် ၄င်းတို့သည် ကျားပေါက်ကလေး တစ်ကောင်ကို မတော်တဆ သတ်မိခဲ့ရာမှ ကျားကြီးများက ၄င်းတို့အုပ်စုကို တိုက်ခိုက်ခဲ့သည်။ ခြောက်ယောက်အနက် တစ်ယောက်မှာ ကျားကိုက်ခံရ၍ သေဆုံးခဲ့သည်။ လွတ်မြောက်လာသူများကို ခြေလျင်ခြောက်နာရီခန့်မျှ လမ်းလျှောက်သွားရသော အနီးဆုံးရွာသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း အမျိုးသား ဥယျာဉ် အကြီးအကဲ အန်ဒီဘာဒူလ်က ပြောကြားသည်။ ထိုငါးယောက်သည် သုံးရက်လုံးလုံး မစားမသောက်ရသဖြင့် အားနည်းလျက်ရှိသည်ဟု လူဆာ အင်တာနေရှင်နယ် ဖောင်ဒေးရှင်းမှ ပြောကြားသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment