Thursday, July 11, 2013

အီဂျစ်နိုင်ငံရေး မတည်ငြိမ်မှုအခြေအနေ တူရကီဝန်ကြီးချုပ်နှင့် ဘန်ကီမွန်းတို့ ဆွေးနွေး


စစ်တပ်က သမ္မတမော်စီကို ဖယ်ရှားပြီးနောက်ပိုင်း အီဂျစ်နိုင်ငံရေးမှာ ဝရုန်းသုန်းကား ဆက်လက်ဖြစ်နေဆဲ အခြေအနေအပေါ် တူရကီဝန်ကြီးချုပ် အာဒိုဂန်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ဆွေးနွေးခဲ့ကြသည်။ အီဂျစ်နိုင်ငံအတွင်း ဒီမိုကရေစီ အလားအလာနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြ မကင်းရခြင်းကို အာဒိုဂန်က ဘန်ကီမွန်းနှင့် ဇူလိုင် ၆ ရက် ဖုန်းဆက်သွယ် ပြောဆမှုမှတစ်ဆင့် ဖွင့်ဟခဲ့သည်။ သမ္မတမော်စီ အာဏာသိမ်းခံရပြီး အီဂျစ်ပြည်တွင်းရေးသည် နှစ်ခြမ်းကွဲသည့် အခြေအနေ ကြာရှည်လေမြင့်နေသော နိုင်ငံရေး   မလူးမလွန့်သာ ရှိနေသည်။ ဝန်ကြီးချုပ် အာဒိုဂန်က ဆူပူအုံကြွမှုများ၊ ပဋိပက္ခများနှင့် သွေးတိုးလှုံ့ဆော်မှုများမှ ကင်းဝေးနိုင်ရေး အရေးတကြီး လိုအပ်ကြောင်းနှင့် ရွေးကောက်ပွဲများမှ ဖြစ်နိုင်သမျှ မြို့ပြအုပ်ချုပ်ရေး ပြန်လည် ထိန်းမတ်နိုင်ရန်လည်း စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ စစ်တပ်အာဏာသိမ်းမှုများသည် လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ဆန္ဒမဲပုံးများမှတစ်ဆင့် ရွေးကောက်ခံ အစိုးရကို ပြောင်းလဲသင့်ပါကြောင်း ဝန်ကြီးချုပ် အာဒိုဂန်က အစောပိုင်းကတည်းက ပြောဆိုထားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment