Thursday, July 11, 2013
အီးယူမှဗြိတိန်နုတ်ထွက်က စီးပွားရေးချွတ်ခြုံကျသွားနိုင်ကြောင်း မြောက်အိုင်ယာလန်က သတိပေး
ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ပါက ဧရာမ အမှားတော်ပုံ ဖန်တီးခြင်းဖြစ်ပြီး ဒေသ၏ ချည့်နဲ့နေသော စီးပွားရေးကို ပြိုလဲသွားစေနိုင်ကြောင်း မြောက်အိုင်ယာလန် နိုင်ငံရေးခေါင်းဆောင်များက သတိပေးလိုက်သည်။ အီးယူမှ ဗြိတိန်နုတ်ထွက်ပါက ကြီးစွာသော အကျိုးသက်ရောက်မှု ဖြစ်လာနိုင်ကြောင်း၊ အိုင်ယာလန် (Republic of Ireland) နှင့် ထိစပ်မှုအပါအဝင် ကုန်သွယ်ရေး ချိတ်ဆက်မှုများတွင် မိမိတို့၏ ရှုထောင့်အရ မဟာအမှားကြီးတစ်ရပ် ဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း မြောက်အိုင်ယာလန် ဒုတိယဝန်ကြီး မာတင်မက်ဂွင်းနက်စ်က ဆိုသည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်ရေး ထောက်ခံခြင်း၊ ကန့်ကွက်နိုင်ခြင်း၊ ဆန္ဒမဲတစ်ပြား ကိုင်ဆောင်ထားရခြင်းသည် မြောက်အိုင်ယာလန်အနေဖြင့် ကျွမ်းဝင်မှု မရှိသော၊ စိမ်းနေသေးသော ရေပြင်သို့ ဆင်းရခြင်းနှင့် တူကြောင်း Financial Times သတင်းစာသို့ မာတင်က ဖြေကြားခဲ့သည်။ မြောက်အိုင်ယာလန် ဝန်ကြီး ပီတာရော်ဘင်ဆင်က ၄င်းအနေဖြင့် အီးယူကို လက်မခံသော်လည်း အီးယူမှ ဗြိတိန်ကို ထွက်ခွာစေမည့် ဆန္ဒမဲက ဒေသစီးပွားရေး ချွတ်ခြုံကျသွားရန် အလားအလာများသည်ဟု သတင်းစာသို့ အလေးအနက် ပြောကြားခဲ့သည်။
(ပရက်စ်တီဗွီ)
khitlunge

No comments:
Post a Comment