Monday, January 27, 2014

ကလေးမရတဲ့ အကြောင်းရင်း တစ်ချက်


Polycystic Ovary Syndrome လို့ခေါ်တဲ့ သားဥ အိမ်ရောဂါ တစ်မျိုး ပုံမမှန်တဲ့ ရာသီစက်ဝန်းကို ဖြစ်စေပြီး ကျားဟော်မုန်းပမာဏ မြင့်တက်နေသည့် အခြေအနေကြောင့် ကလေးမရခြင်းဖြစ်နိုင်ပါတယ်။

အမျိုး သမီးများရဲ့ ၅-၁၀ ရာခိုင်နှုန်းလောက် မှာ ဖြစ်ပွားလေ့ရှိပါတယ်။ အမျိုး သမီးများတွင် သားဥ မြွေကခြင်းရဲ့ အဓိကအကြောင်းရင်း တစ်ခုဖြစ်ပါ တယ်။

ဒါ့အပြင် ကိုယ် အလေးချိန် များခြင်း၊ အဝလွန်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်နည်းနေခြင်း၊ သိုင်း ရွိုက်ဟော်မုန်း မမျှတခြင်းတို့က သားဥြွေကခြင်းကို ထိခိုက်စေပါတယ်။

မျိုးအောင်နိုင်စွမ်းကို တိုးတက် စေဖို့ အကောင်းဆုံးနည်းလမ်းများထဲ မှ တစ်ခုကတော့ ကျန်းမာရေးနဲ့ညီ ညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်း သိမ်းထားခြင်းပဲဖြစ်တယ်လို့မီးယပ် နှင့်သားဖွားကျွမ်းကျင်ပညာရှင်များ က အကြံပေးကြပါတယ်။

Polycystic Ovary Syndrome ရှိ၊မရှိကိုလည်း စမ်းသပ်စစ် ဆေးပြီး သန္ဓေမအောင်ရခြင်း အကြောင်းရင်းများထဲမှ ဖယ်ထုတ်ရပါ မယ်။ သင့်မှာသားဥမကြွေဘူးလို့ သံ သယဖြစ်ရင် ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပြီး ကုသမှုခံယူရပါမယ်။ 

Health Digest

No comments:

Post a Comment