Tuesday, January 21, 2014
လူးကပ်စ်၏ ဒဏ်ရာကို လီဗာပူးလ် စောင့်ကြည့်နေ
လီဗာပူးလ် အသင်းသည် လူးကပ်စ်လီဗာ၏ ဒဏ်ရာ အတိမ်အနက်ကို စောင့်ကြည့်နေကြောင်း သိရသည်။
ဘရာဇီးလ် ကွင်းလယ်ကစားသမားသည် စနေနေ့က အက်စ်တွန်ဗီလာကို ၂ ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် လူစားဝင် ကစားပြီး မိနစ် ၂၀ ခန့်အကြာ၌ ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပွဲစဉ်တွင် လီဗာပူးလ်တွင် ပထမပိုင်းတွင် နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပိုင်းအစ ၈ မိနစ်တွင် စတီဗင်ဂျရတ်က ပင်နယ်တီမှ တစ်ဆင့် ဒုတိယ ချေပဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။
“လူးကပ်စ်က ပြိုင်ဘက် ကစားသမားနဲ့ ဒူးခေါင်းချင်း တိုက်မိခဲ့တာပါ။ သူ့အနေနဲ့ ဒူးဆစ်လွဲသွားခဲ့တယ်လို့ ထင်ပါတယ်။ ဒဏ်ရာ ပြင်းထန်လား မပြင်းထန်ဘူးလား ဆိုတာကိုတော့ နောက် ၄၈ နာရီကြာမှ သိရမှာပါ။ ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်ပါတယ်” ဟု လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။
အသက် ၂၇ နှစ်အရွယ် လူးကပ်စ်သည် လွန်ခဲ့သည့် နှစ်များကလည်း ဒူးခေါင်း ဒဏ်ရာ ပြဿနာ ရရှိခဲ့ဖူးပြီး ၂၀၁၁-၁၂ ဘောလုံးရာသီဝက်ကို လွဲချော်ခဲ့ဖူးသည်။
ထို့အပြင် ၎င်းသည် ပေါင်ခြံဒဏ်ရာကြောင့် ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက သုံးလခန့်အနားယူခဲ့ရသေးသည်။
Ref:goal
Soccer Myanmar

No comments:
Post a Comment