Tuesday, January 21, 2014

ပင်နယ်တီရရန် ဆွာရက်ဇ် ဟန်ဆောင်လဲချခဲ့ကြောင်း ဂူဇန် ဖွင့်ဟ


လူးဝစ်ဆွာရက်ဇ်သည် လီဗာပူးလ်အတွက် ပင်နယ်တီကို ဟန်ဆောင်လဲချကာ ရယူခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိနှင့် ဆွာရက်ဇ်သည်လည်း ထိခိုက်ခဲ့ခြင်း မရှိကြောင်း အက်စ်တွန်ဗီလာ ဂိုးသမား ဂူဇန်က ဖွင့်ဟပြောကြားခဲ့သည်။
စနေနေ့က ကစားခဲ့သည့် လီဗာပူးလ်နှင့် အက်စ်တွန်ဗီလာ ပွဲစဉ်တွင် ပထမပိုင်း၌ ဧည့်သည့်အသင်းက ၂ ဂိုးအသာဖြင့် ကစားနိုင်ခဲ့သော်လည်း စတားရစ်ခ်ျ၏ ပထမပိုင်း ချေပဂိုးနှင့် စတီဗင်ဂျရတ်၏ ဒုတိယပိုင်း ပင်နယ်တီဂိုးကြောင့် အိမ်ရှင်အသင်းကို သရေတစ်မှတ် ခွဲပေးခဲ့ရသည်။

အဆိုပါ ပင်နယ်တီဂိုးနှင့် ပတ်သက်၍ မိမိသည် ထိုအချိန်တွင် လက်ကို ရုတ်သိမ်းခဲ့သော်လည်း ဆွာရက်ဇ်က ရုတ်တရက် လဲကျသွားခဲ့ကြောင်း၊ ၎င်းသည် လီဗာပူးလ်အတွက် ပင်နယ်တီကို ဟန်ဆောင်လဲချကာ ရယူခဲ့ခြင်း ဖြစ်ကြောင်း ဂူဇန်က ဆိုခဲ့သည်။

“ကျွန်တော် သူနဲ့ လုံးဝ မထိမိခဲ့ပါဘူး။ နောက်ပြီး ကျွန်တော် သူ့ကို မင်း ငါနဲ့ ထိမိခဲ့သလားလို့ မေးပါတယ်။ သူက ငါ မသိဘူး လို့ ဖြေခဲ့ပါတယ်။ ဒါဟာ အမှန်တရားပါ” ဟု ဂူဇန်က သတင်းထောက်များထံ ပြောကြားခဲ့သည်။

ဆက်လက်ပြီး “အဲ့ဒီအချိန်တုန်းက ကျွန်တော် လက်ကို ပြန် ရုတ်လိုက်ပါတယ်။ ဒါကို တီဗီမှာ ပြန်ကြည့်နိုင်ပါတယ်။ ကျွန်တော် သူနဲ့ လုံးဝမထိခဲ့ပါဘူး။ ဒါကို ဒိုင်လူကြီး မြင်မမြင် ကျွန်တော် အသေအချာ မသိပါဘူး။ သူ ဘယ်နားမှာရှိလဲဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ဒိုင်လူကြီးက ပင်နယ်တီ ပေးလိုက်တော့ ဆွာရက်ဇ် အံ့အားသင့်သွားတယ်လို့ ထင်ပါတယ်” ဟု ဂူဇန်က ပြောကြားသွားခဲ့သည်။


Ref:goal
Soccer Myanmar

No comments:

Post a Comment