Tuesday, January 21, 2014

ချယ်ဆီးမှ ထွက်ခွာမည်ဆိုသည့် သတင်းများအား ဟာဇက် ငြင်းဆို


ဇန်နဝါရီ သို့မဟုတ် နွေရာသီတွင် ချယ်ဆီးမှ ထွက်ခွာမည် ဆိုသည့် သတင်းများအပေါ် အီဒင်ဟာဇက်က ငြင်းဆိုသွားခဲ့ပြီး လက်ရှိအသင်းသည် မိမိ၏ ကစားပုံကို တိုးတက်စေမည့် အကောင်းဆုံး နေရာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ဟာဇက်က မိမိ၏ အနာဂတ်နှင့် ပတ်သက်ပြီး အမျိုးမျိုး ပြောဆိုနေကြသည်ကို သတိပြုမိကြောင်း သို့သော်လည်း မိမိအနေဖြင့် မော်ရင်ဟို လက်အောက်တွင်သာ ကစားရန် ဆန္ဒရှိကြောင်း ဆိုခဲ့သည်။

“ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ အသေအချာ နားလည်ထားပါတယ်။ အဓိကက တည်ငြိမ်မှုရှိဖို့နဲ့ ဂိုးသွင်းယူနိုင်ဖို့ပါ။ ဒါတွေကို ကျွန်တော် အခုလုပ်နိုင်ပြီ ဖြစ်တဲ့အတွက် ပျော်ရွှင်မိပါတယ်။ အပြောင်းအရွှေ့ ကာလ ရောက်တိုင်း ကျွန်တော် ချယ်ဆီးက ထွက်ခွာမယ်လို့ လူတိုင်းပြောနေကြတာပဲလေ။ အထူးသဖြင့် ပီအက်စ်ဂျီကိုပေါ့။ ပီအက်စ်ဂျီက အသင်းကောင်း တစ်သင်းပါ။ ဒါပေမဲ့ ကျွန်တော် ချယ်ဆီးမှာ ကစားရတာ နှစ်သက်ပါတယ်။ ဇန်နဝါရီ ဒါမှမဟုတ် နွေရာသီမှာ ချယ်ဆီးကနေ ထွက်သွားမှာ မဟုတ်ပါဘူး” ဟု မာတာက ပြောကြားခဲ့သည်။

 
Ref:goal
Soccer Myanmar

No comments:

Post a Comment