Wednesday, May 21, 2014

၁၈ နှစ်ကြာပြီးနောက် အက်သလက်တီကို လာလီဂါချန်ပီယံဆု ဆွတ်ခူး

ယခုနှစ်စပိန် လာလီဂါ ဘောလုံး ရာသီအပိတ် ပွဲစဉ်ဖြစ်သည့် ပွဲစဉ် ၃၈ကို စနေနေ့က ကျင်းပခဲ့ရာ မက်ဒရစ်မြို့ အခြေစိုက် အက်သလက်တီကို မက်ဒရစ် အသင်းသည် အမှတ်ပေး ချန်ပီယံဆုကို ဘာစီလိုနာနှင့် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ဆွတ်ခူးသွားခဲ့ပြီ ဖြစ်သည်။

ယခုပွဲစဉ်တွင် အိမ်ရှင် ဘာစီလိုနာအသင်းက နူးကမ့်ကွင်း၌ အက်သလက်တီကိုအား အနိုင်ရရှိခဲ့လျှင် ချန်ပီယံဆုကို ကာကွယ်နိုင်မည် ဖြစ်သော်လည် သရေရလဒ်နှင့်သာ ကျေနပ်ခဲ့ရသည့် အတွက် ယခုနှစ် ဘောလုံးရာသီတွင်း ဖလားလက်မဲ့ ဖြစ်ခဲ့ရသည်။

အက်သလက်တီကို အသင်းသည် ဘာစီလိုနာကို ပထမပိုင်း၌ ဦးဆောင်ဂိုး ပေးခဲ့ရသလို အားထားရသည့် တိုက်စစ်မှူး ဒီယေဂို ကော်စတာနှင့် အာဒါတူရန်တို့ ဒဏ်ရာကြောင့် လူစားလဲ ခဲ့ရသည်။ သို့သော် ဒုတိယပိုင်းတွင် ဂါဘီ၏ ထောင့်ကန်ဘောမှ ဂိုဒင်က ခေါင်းတိုက်ပြီး အက်သလက်တီကို အတွက် ချေပဂိုး ရယူပေးနိုင်ခဲ့ပြီး ပွဲအပြီးတွင် သရေရလဒ်ကို ရယူခဲ့သည်။
အက်သလက်တီကို အသင်းသည် လာလီဂါကို စိုးမိုးထားသည့် ဘာစီလိုနာနှင့် ရီးရဲမက်ဒရစ် အသင်းများကို ကျော်ဖြတ်ကာ ဗိုလ်စွဲနိုင်ခဲ့သလို ချန်ပီယံလိဂ်တွင်လည်း ဗိုလ်လုပွဲ၌ တစ်မြို့တည်း အသင်း ဖြစ်သော ရီးယဲလ်နှင့် မေလ  (၂၇)ရက်၌ ရင်ဆိုင် ကစားရမည် ဖြစ်သည်။
Soccer Weekly

No comments:

Post a Comment