Wednesday, May 21, 2014

ထိုင်းစတိုင် စစ်အုပ်ချုပ်ရေး


ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါပြီ။

ဒီကနေ့ ကြေညာတဲ့ စစ်အုပ်ချုပ်ရေးကြောင့် လမ်းမတွေပေါ်မှာ စစ်သားတွေ လုံခြုံရေး ယူနေကြပါပြီ။

ပြီးခဲ့တဲ့လတွေအတွင်း ရက်ရှည်လများ ဆန္ဒပြမှုတွေကြောင့် အများအပြား ဒဏ်ရာရ၊ သေဆုံးသူ အရေအတွက်က ၂၈ ဦး ရှိခဲ့တာပါ။ အစိုးရထောက်ခံသူ၊ အစိုးရ မထောက်ခံသူတွေရဲ့ အထွေထွေသော ဆန္ဒပြမှုတွေ ခြိမ့်ခြိမ့်သဲ လုပ်ဆောင်ခဲ့အပြီးမှာ ... အခုတော့ စစ်တပ်က ကြားဝင်လိုက်တာပါပဲ။

 ထိုင်းစစ်တပ်ရဲ့ ဒီမနက် ကြေညာချက်မှာတော့ ဘက်အသီးသီးက ပြည်သူတွေအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့အတွက် စစ်အုပ်ချုပ်ရေး ၀င်လာရတဲ့အကြောင်း ဖော်ပြပါတယ်။

ဒီလုပ်ရပ်ဟာ အာဏာသိမ်းတာနဲ့ မဆိုင်ဘူး ဆိုတာကိုလည်း စစ်တပ်က အလေးအနက်ထား ပြောလိုက်ပါတယ်။

မြန်မာပြည်မှာလည်း စစ်အုပ်ချုပ်ရေး ကြေညာတာတွေ ရှိခဲ့ဖူးပါတယ်။

မြန်မာပြည်နဲ့ ထိုင်းနဲ့  ဘယ်လို ကွာခြားပါသလဲ။

ဓာတ်ပုံတွေကိုသာ ကြည့်ပါတော့။

bangkok post သတင်းစာ အွန်လိုင်းစာမျက်နှာမှာ ရှိတဲ့ ဓာတ်ပုံတွေကိုကူးပြီး ဖော်ပြလိုက်ပါတယ်။

အခြေအနေတွေ မတူညီသော်လည်း မြန်မာပြည်က ထိုင်းလူ့အဖွဲ့အစည်းဆီကနေ အတုယူစရာတချို့ ရှိနေကြောင်း တွေးမိကြမယ် ထင်ပါတယ်။

Irrawaddy Blog 









 

No comments:

Post a Comment