ဂျူဗင်တပ် အသင်းမှ ပစ်မှတ်ထားနေသည့် ဘန်တနာ
ဂျူဗင်တပ် အသင်းသည် ယခင်က ဘီလ်ဘာအို
တိုက်စစ်မှူး လော်ရန်တေးအား ခေါ်ယူရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သော်လည်း
စပိန် ကလပ်ဘက်က တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေး ယူရို (၃၆)သန်းကို
ပေးချေရန် ဆန္ဒမရှိသောကြောင့် လက်လွှတ်ခဲ့သည်။
အီတလီ သတင်းစာများမှ ဖော်ပြချက် အရ
ဂျူဗင်တပ် အသင်းသည် မန်ယူ တိုက်စစ်မှူး ဘာဘာတော့ဗ်ကို ချဉ်းကပ်မှုများ
ပြုလုပ်ခဲ့ပြီး ဘာဘာတော့ဗ်မှ ငြင်းပယ်လိုက်ခြင်းကြောင့် ဘန်တနာဘက်သို့
ခြေဦးလှည့်လာကြောင်း သိရသည်။ ဂျူဗင်တပ် အသင်းသည် ဘန်တနာအား တစ်ရာသီစာ
အငှားဖြင့် ခေါ်ယူ၍ ကစားသမားသာ ခြေစွမ်းပြနိုင်ပါက ရာသီကုန်တွင် အပြီးသတ်
ခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။
soccer weekly


No comments:
Post a Comment