မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီခဲ့သည့် ဆင့်ကလဲယား
ဆင့်ကလဲယားသည် မန်စီးတီး အသင်းနှင့်
ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။ မန်စီးတီး အသင်း၏
တောင်ပံ ကစားသမား ဖြစ်သည့် အဒမ်ဂျွန်ဆင်သည် ပုံမှန်နေရာ
ပျောက်ဆုံးနေခြင်းကြောင့် ဆန်းဒါးလန် အသင်းသို့ ပေါင် (၁၀)သန်းဖြင့်
ပြောင်းရွှေ့သွားခဲ့ပြီး ဆင့်ကလဲယားသည် ဂျွန်ဆင်၏ နေရာတွင် အစားဝင်မည့်သူ
ဖြစ်လာဖွယ် ရှိနေသည်။
မန်စီးတီး အသင်းသည် ဆင့်ကလဲယား အတွက်
သဘောတူညီမှု ရရှိခဲ့ပြီးနောက် အင်တာမီလန် အသင်း၏ တောင်ပံ ခံစစ်ကစားသမား
မိုင်ကွန်အား ပေါင် (၄.၇)သန်းဖြင့် ခေါ်ယူရန် ပစ်မှတ်ထားလာ ခဲ့ပြီး နောက်ထပ်
ပစ်မှတ်တစ်ခုမှာ အာဆင်နယ် အသင်း၏ ကစားသမား ၀ဲလ်ကော့ဖြစ်ကြောင်း သိရသည်။
soccer weekly


No comments:
Post a Comment