![]() |
| ရီးရဲလ်အသင်း၏ ဆက်သွယ်ခြင်း ခံနေရသည့် ဒမ်ဘီလီ |
ဖူလ်ဟမ် အသင်း၏ တိုက်စစ်မှူး ဖြစ်သူ
ဒမ်ဘီလီအား ရီးရဲလ် အသင်းမှ ခေါ်ယူရန် အတွက် စုံစမ်းမှုများ ပြုလုပ်နေကြောင်း
၎င်း၏ အေးဂျင့်ဖြစ်သူမှ ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုပြီးနောက် ဒမ်ဘီလီမှ
ယခုလို အတည်ပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ရီးရဲလ်အသင်းနဲ့ ကျွန်တော့်
အေးဂျင့်ကြားမှာ ဆက်သွယ်မှုတွေ ရှိနေပါတယ်၊ သူတွေက စုံစမ်းမှုတွေ
ပြုလုပ်ခဲ့ပါတယ်”ဟု ဒမ်ဘီလီမှ ပြောဆိုခဲ့သည်။
အသက် (၂၅)နှစ် အရွယ်ရှိ ဒမ်ဘီလီသည်
(၂၀၁၃)ခုနှစ်ထိ ဖူလ်ဟမ်အသင်းနှင့် စာချုပ်သက်တမ်း ရှိနေသော်လည်း
အသင်းကြီးများသို့ ပြောင်းရွှေ့ရန် အတွက် ကြိုးပမ်းနေသူ ဖြစ်သည်။
ဒမ်ဘီလီအား ရီးရဲလ် အသင်းအပြင် မန်ယူ၊ အာဆင်နယ်နှင့် စပါးစ် အသင်းတို့မှ ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
soccer weekly


No comments:
Post a Comment