ယခုနှစ် ဇန်နဝါရီလ မှစ၍ တောမီး လောင်ကျွမ်းမှု စံချိန် တင်ခဲ့သော မိုးခေါင် ရေရှားမှု ဒဏ်ခံစားနေရ သည့် သီရိလင်္ကာနိုင်ငံတွင် ယင်းသို့ တောမီးများ လောင်ကျွမ်း မှုကြောင့် သစ်တောဧက ၁၀,ဝ၀ဝ ကော် ပျက် စီးသွားခဲ့ကြောင်း အရာရှိ တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
တစ် လကျော်ကာလအတွင်း သစ်တောကြိုး ဝိုင်း (၃၂) ခုတောမီးလောင်ကျွမ်းခဲ့
ကြောင်း သီရိလင်္ကာသဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဌာန လက် ထောက်ဒါရိုက်တာ
ပရာဒစ်မိုဒီပီလီက ပြောကြားခဲ့ပြီး “ဒါဟာ အရမ်းမြင့်တဲ့ ကိန်းဂဏန်းတစ်ခုပါ။
မီးငြှိမ်းဖို့ လူ တွေ၊ ရဟတ်ယာဉ်တွေကို ငှားရမ်းဖို့ ငွေအများကြီး
သုံးစွဲခဲ့ရပါတယ်” ဟု ၄င်းကထပ်လောင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ် ကလည်း နိုင်ငံအလယ်ပိုင်း တွင် တောမီးတစ်ခု
လောင်ကျွမ်း သဖြင့် သစ်တောဧက (၁,ဝ၀ဝ)ခန့်နှင့် အတူ တောရိုင်းတိရစ္ဆာန် များ
သစ်ပင်ပန်းပင်များ ပျက်စီးဆုံးရှုံး ခဲ့ရသည်။ထိုဒေသသို့သွားမည့် ရထား
ခရီးစဉ်များကိုလည်း နာရီပေါင်းများ စွာ ဆိုင်းငံ့ထားခဲ့ရသည်။ တောမီး
လောင်ကျွမ်းမှုဖြစ်ပွားရာ ဒေသအများ စုသည် တောတောင်ထူထပ်သော ခရိုင်
(၆)ခုနှင့်North Central ပြည်နယ်ရှိ ခြောက်သွေ့ဇုန်တို့ဖြစ် ကြသည်။ ပြီးခဲ့
သည့် (၄)လအတွင်း တောမီးလောင် ကျွမ်းမှု(၁၀ဝ)ကျော်ဖြစ်ပွားခဲ့ပြီး တောင်
သူလယ်သမားများ၏ သီးနှံစိုက်ပျိုး ခြင်းများမှ စတင်ခဲ့ခြင်းဖြစ်ကြောင်းသံသယဖြစ်နေကြသည်။ တောမီး လောင်ကျွမ်းမှုများအတွက် တာဝန်ရှိ သူများကို
ပြင်းပြင်းထန်ထန် အရေးယူ သွားမည်ဖြစ်ကြောင်းအစိုးရကကြုံးဝါး
ခဲ့ပြီးယခင်သီတင်းပတ်ကမူ တောများ အားမီးရှို့ခဲ့သည့် လူမြောက်များစွာ ကို
ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
First News Journal


No comments:
Post a Comment