ဧရာဝတီတိုင်း ဒေသကြီး မြန်အောင် မြို့နယ်တွင် ဆိုက္ကား လိုင်စင် များကိုလည်း
ကျပ်နှစ်သောင်း နီးပါးလိုင်စင် ဆောင်ခိုင်းတယ်။ ဆိုက္ကားတစ်စီး တန်ကြေးက
ရှစ်သောင်း လောက်ရှိတယ်။လိုင်စင်က နှစ်သောင်း လောက်ဖြစ်နေတယ်။
တင်ပြတော့လည်း အမှုဆောင် အရာရှိက ဂရုမစိုက်ဘူး
။မြန်အောင်မှာနေတာကလည်းကြာနေပြီ။ လုပ်တာ ကလည်းမြို့ နာမဲ့ကိစ္စတွေပဲ
ရွေးလုပ်တယ်။ အမှိုက်ကားဆို တစ်လ တစ်ခါတောင်မလွှတ်ဘူး။
ကားမောင်းတဲ့သူကိုမေးကြည့်တော့ ဆီမရှိလို့တဲ့။ မြို့ကလူထုကလည်း
ကိုယ်ထူကိုယ်ထ အမှိုက်ကား လုပ်ဖို့ပြင်ဆင်နေကြပြီ။ နောက်လမ်း များကိစ္စ
တာကြီးတန်းကို ကတ္တရာခင်းတာ မကြာသေးဘူး။ ကားကြီးတွေ ထော်လာဂျီ
တွေလည်းအမောင်း မခံဘူး။ ဒါတောင်ခုတော်တော် ပျက်စီးနေပြီ။ အဆိုးဆုံးကတော့
အမဲသားစက်ရုံ လုပ်ခိုင်းထားတဲ့ကိစ္စပဲ။ တစ်နေ့ကို မြန်အောင်မှာ
နွားအကောင်ရေ ၆၀ လောက်သတ်နေတယ်။ အမဲသား ချက်စက်ရုံ ကို ညောင် မြစ်ဆွဲ
ကျေးရွာမှာ ခွင့်ပြုထားတယ်။ တရားဝင် မ၀င်တော့မသိဘူး။
မြို့ကလူတွေသိထားတာကတော့ အဲဒိစက်ရုံလုပ်ရင် ကိုယ်ပိုင်နွားမွေးရမယ်။ ခုတော့
ခိုင်းနွားတွေကို သတ်နေကြတယ်။ စက်ရုံက ထွက်တဲ့ အမဲသားခြောက်တွေကို
နယ်ကျော်မပို့ရဘူး။ဒါပေမဲ့ တရုတ်ပြည်အထိပို့နေတယ်လို့သိရတယ်။
သိပ်ကောင်းနေတဲ့ မြန်အောင်စည်ပင်နဲ့ အမှုဆောင်အရာရှိကို
အရေးယူနိုင်ပါရန်နှင့် ခိုင်းနွားများ အသက်ချမ်းသာရာ ရစေရန်
မြန်အောင်မြို့သူမြို့သားများက တောင်းဆိုလိုက်ပါသည်။
မြန်အောင်မြို့သူမြို့သားများ
yoyarlay


No comments:
Post a Comment