![]() |
| ချယ်လ်ဆီး အသင်းသို့ ရောက်ရှိရန် နီးစပ်နေသည့် အက်ဇ်ပီလီကွာတာ |
ချယ်လ်ဆီး အသင်းသည် အက်ဇ်ပီလီကွာတာအား
ခေါ်ယူရန် အတွက် ကာလရှည်ကြာစွာ ကြိုးပမ်းခဲ့ရပြီး ၎င်းအား အသင်းမှ ထွက်ခွာသွား
ခဲ့သည့် ဘော့စင်ဂါဝါ၏ နေရာတွင် အစားထိုးရန် အတွက် ရည်ရွယ်ထားကြောင်း
သိရသည်။
အသက် (၂၃)နှစ် အရွယ်ရှိ အက်ဇ်ပီလီကွာတာ၏
ကိုယ်စာလှယ်များသည် လန်ဒန်မြို့သို့ ရောက်ရှိနေပြီး စာချုပ်နှင့်
ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဆွေးနွေးနေကြသည်။ ချယ်လ်ဆီး အသင်းသည်
အက်ဇ်ပီလီကွာတာ အတွက် ယူရို (၈)သန်း နှင့် (၁၀)သန်းကြား အသုံးပြုခဲ့ရဖွယ်
ရှိနေပြီး (၅)နှစ် စာချုပ်ချုပ်ဆိုရန် ရှိနေသည်ဟု ခန့်မှန်းရသည်။
soccer weekly


No comments:
Post a Comment