ဂျော်ဂျီယာအသင်း၏ နောက်တန်း ကစားဟန်အား ပြစ်တင်ပြောဆိုခဲ့သည့် ရာမို့စ်
ရာမို့စ်မှ ဂျော်ဂျီယာ အသင်း၏ နောက်တန်း
ကစားပုံနှင့် ဆိုးဝါးသော ကွင်းမျက်နှာပြင် အနေအထားကြောင့် ယခုလို
ကျဉ်းမြောင်းသော အနိုင်ရလာဒ်သာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ယူဆနေခြင်းလည်း
ဖြစ်သည်။
“ဂျော်ဂျီယာအသင်း ဘယ်လို ကစားမလဲဆိုတာ
ကျွန်တော်တို့ မသိခဲ့ပါဘူး၊ သူတို့အသင်းရဲ့ နောက်တန်း ကစားဟန်က
ကျွန်တော်တို့ အတွက် အရမ်းကို ခက်ခဲခဲ့ပါတယ်၊ ပြီးတော့ ကွင်းအနေအထားကလည်း
ကျွန်တော်တို့ရဲ့ ကစားဟန် အတွက် မကိုက်ညီခဲ့ပါဘူး”ဟု ရာမို့စ်မှ
ပြောဆိုခဲ့သည်။ ယခုပွဲစဉ်၏ တစ်လုံးတည်းသော ဂိုးသွင်းရှင် ဆိုလ်ဒါဒိုကလည်း
ရာမို့စ် ပြောဆိုချက်များကို ထောက်ခံခဲ့သည်။
soccer weekly


No comments:
Post a Comment