ငယ်စဉ်က ကာကွယ် ဆေးများ အားလုံး ထိုးထားပြီး သည့်တိုင် မေးခိုင်နှင့် ဆုံဆို့နာ များအတွက် သက်ရှိကာလ တစ်လျှောက် ၁၀ နှစ်တစ်ကြိမ်ကျ “အားသစ်လောင်း ဆေး ထိုးခြင်းများ” (Booster Shots) ထိုးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကူးစက်ရောဂါ ၂ မျိုးဖြစ်တဲ့ နမိုးနီးယားအဆုတ်ရောင် နာ (Pneumonia) နှင့် တုပ်ကွေးဖျားတွေကြောင့် နှစ်စဉ်အသက်ထောင်သောင်းချီပြီး ဆုံးရှုံး နေစေပါတယ်။ သင်ဟာ အသက် ၆၅နှစ် ကျော်ရှိပြီး ကိုယ်ခံအားနည်းတဲ့ ပြဿနာများ ရှိနေတယ်ဆိုရင်တော့ ယင်းရောဂါများကို ကာကွယ်ဖို့ ကာကွယ်ဆေးများ ထိုးသင့်ပါ တယ်။ ဒါမှမဟုတ် တစ်ကိုယ်လုံးရှိ ရောဂါ လက္ခဏာမျိုးစုံကို ခြုံငုံသုံးသပ်ကုသတဲ့ ဆေးနည်းကျင့်သုံးတဲ့ ဆရာများ (Holistic Practitioners) ထံ ပြသပါ။ သူတို့က ကိုယ်ခံအား ကောင်းလာစေမယ့် အခြား နည်းနာများကို အကြံပေးပါလိမ့်မယ်။
ဦးလှမြင့်(ဂန္ဓမာ) Ref : Do-it-Yourself Health
Health Digest


No comments:
Post a Comment