Monday, September 24, 2012

ဟန်တယ်လာအား မည်သည့် အခွင့်အရေးမှ မပေးရန် အသင်းဖော်များအား ရော်ဘင်သတိပေး

ဟန်တယ်လာ၏ ခြေစွမ်းကို စိုးရိမ်နေသည့် ရော်ဘင်
ရှော်ကေးအသင်းနှင့် ကစားရမည့် ပွဲစဉ်တွင် ပြိုင်ဘက်အသင်း၏ တိုက်စစ်မှူး ဖြစ်သူ ဟန်တယ်လာအား နေရာလွတ် များစွာ မပေးရန် အသင်းဖော်များအား ရော်ဘင်မှ သတိပေး ပြောဆိုခဲ့သည်။
ဟန်တယ်လာသည် ယမန်နှစ် ရာသီက လိဂ်သွင်းဂိုး (၂၉)ဂိုးထိ ရရှိထားသူ ဖြစ်ပြီး ယခုနှစ် ရာသီတွင်လည်း (၃)ပွဲ ကစားပြီးချိန်တွင် (၂)ဂိုး သွင်းယူထားနိုင် ခဲ့သူ ဖြစ်သည်။ ရော်ဘင်မှ ဟန်တယ်လာသည် ဘိုင်ယန်အသင်း အတွက် အန္တရာယ် ရှိသော ကစားသမား အဖြစ် သတ်မှတ်ထားပြီး ယင်းအား နေရာလွတ်များ ပေးမိပါက အသင်းအတွက် အမှတ်များ ဆုံးရှုံးသွားနိုင်သည်ဟု ယူဆနေခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ဟန်တယ်လာ အတွက် ဘာအခွင့်အရေးမှ ပေးလို့ မဖြစ်ပါဘူး”ဟု ရော်ဘင်မှ ဘိုင်ယမန်အသင်း၏ ၀က်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။ ဘိုင်ယန်မြူနစ် အသင်းသည် ဘွန်းဒက်စ်လီဂါ ပြိုင်ပွဲတွင် (၃)ပွဲ ကစားပြီး ရမှတ် (၉)မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည့် အသင်းဖြစ်ကာ ရော်ဘင်မှ အသင်း၏ ကောင်းမွန်သော ခြေစွမ်းကို ရှော်ကေးအသင်းနှင့် ပွဲစဉ်တွင်လည်း ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်နေသည်။ 
soccer weekly

No comments:

Post a Comment