Saturday, November 10, 2012
တရုတ်ကွန်မြူနစ်ပါတီ၏ အမျိုးသားကွန်ဂရက် ဖွင့်လှစ်
တရုတ်ကွန်မြူနစ်ပါတီ၏ အမျိုသားကွန်ဂရက်ကို နိုဝင်ဘာ ၈ ရက်တွင် ဖွင့်လှစ်လိုက်သည်။ တရုတ်နိုင်ငံ၌ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားရန် သမ္မတ ဟူကျင်တောင်က အမျိုးသား ကွန်ဂရက် ကိုယ်စားလှယ်များအား တိုက်တွန်းသည်။ ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်ကို ငါးနှစ်လျှင် တစ်ကြိမ် ကျင်းပပြီး လက်ရှိသမ္မတ ဟူကျင်တောင်က ဒုတိယသမ္မတ ရှီကျင့်ဖျင်ထံသို့ အာဏာလွှဲပြောင်းပေးအပ်ဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဂုဏ်ဒြပ်စင်ကြယ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ကြရန် အဂတိလိုက်စားမှု ပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းကြရန် သမ္မတက တိုက်တွန်းသည်။ မြို့တော် ပေကျင်းရှိ ပြည်သူ့မဟာ ခန်းမဆောင်ကြီး၌ ကျင်းပသော ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်သို့ ကိုယ်စားလှယ် ၂၂၀၀ ကျော် တက်ရောက်သည်။
khitlunge

No comments:
Post a Comment