Sunday, June 24, 2012
ထိုင်းနိုင်ငံတွင် H1N1 ဖြစ်ပွားသူ ၄၁ ဦး တွေ့ရှိ
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် လူ ၄၁ ဦး၌ H1N1
တုပ်ကွေး ဖြစ်ပွားနေကြောင်း ဇွန်လ ၂၁ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့သည်။
ယင်းတို့အနက် ခြောက်ဦးသာ ဆေးရုံမှဆင်းခွင့်ပြုခဲ့၍ ကျန်လူနာများအား
ရောဂါမပြန့်ပွားစေရန်မိသားစုဝင်များနှင့်ပါ တွေ့ခွင့်ပိတ်ပင်ခဲ့ပြီး
ဆေးရုံရှိ ရောဂါ
ထိန်းချုပ်ရေးဌာနတွင်သာ ထားရှိထားကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်ကို လန်ဒန်ကို လာဖို့ ဖိတ်ခေါ်ခဲ့ သတင်းစာ ရှင်းလင်းပွဲ (ရုပ်သံ)
နှစ်နိုင်ငံအစိုးရတွေကြားထိတွေ့ဆက်ဆံမှုတွေလုပ်တာဟာ မြန်မာအစိုးရရဲ့
ပြုပြင်ပြောင်းလဲ ရေးလုပ်
ငန်းတွေအောင်မြင်ဖို့အတွက် နည်းလမ်းတခု
ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်ကို လန်ဒန်ကိုလာဖို့ ဖိတ်ခေါ်ခဲ့တာနဲ့
ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ်။
(ရဲဝင့်သူ)DVB TV News
ခြင်ထောင်ထဲမှာ ထမင်းစားရတဲ့ ဆပ်ပြာကျင်းမြေ (ရုပ်သံ)
တံတားဦး မြို့နယ် မှာ ကုမဏီ တစ်ခုက ကျေးရွာပိုင် ဆပ်ပြာကျင်းမြေကို
သိမ်းယူပြီး ကြက်ခြံ အဖြစ်တည်ဆောက်တဲ့ အပေါ် ရွာသူသားတွေ နဲ့
တင်းမာမှုဖြစ်ပွားနေပါတယ်။
DVB ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆက်လက် ဆန္ဒပြ
ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန်က ဖာမိုဆို (Famoso)
အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေရဲ့ အခြေခံ လုပ်ခလစာ
တိုးပေးဖို့တောင်းဆိုချက်ကို အလုပ်ရှင်က မလိုက်လျောသေးတဲ့အတွက် ဆက်လက်
ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
Euro2012(6/23/2012)ပွဲစဉ်ရလဒ်များ
Quarterfinals
Spain 2 : 0 France
England ? : ? Italy (6/24/2012)
Ref; Livescore com



















